WhatsHappeningInMyanmar
48.3K posts

WhatsHappeningInMyanmar
@spring21MM
Mainly Tweet About Crimes Done by Junta in Myanmar. #WhatsHappeningInMyanmar















A before-and-after comparison of Mahamuni Buddha Temple in Mandalay, Myanmar, following the earthquake. #Mahamuni #Buddha #Temple #myanmarearthquake #earthquake #earthquakemyanmar #Myanmar #Myanmarquake






























ငလျင်ကြောင့် ပြည်သူများဒုက္ခရောက်နေချိန် ချောင်းဦးတွင် စစ်ကောင်စီ လေကြာင်းကနေဗုံးကြဲ။ ယနေ့ မတ်လ(၂၈)ရက်၊နေ့လယ်ပိုင်းတွင် လှုပ်ခတ်သည့် အင်အားပြင်းငလျင်ကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန် စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့ ည ၇နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်တွင် နွယ်ခွေ ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လည့် စက်တပ်လေထီးဖြင့် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်သွားခြင်းဖြစ် ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ “ လူအထိအခိုက်တော့မရှိဘူး ။ အာဏာရှင်ကတော့ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေ ဖြစ်နေ သူတို့အာဏာတည်မြဲရေးအတွက် သူတို့ လုပ်စရာရှိတာ လုပ်မှာပဲ ဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာရှင် အမြစ်ပြတ်တဲ့အထိ ပါဝင်နေဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။ ယနေ့ လှုပ်ခတ်သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်း တိုင်းတို့ တွင် အဆောက်အအုံပြိုကျမှု ၊ ဘုရား ၊စေတီ ကဲ့သို့သော သာသနာ့ အဆောက်အုံများပျက်စီးမှု အများအပြားဖြစ်ပေါ်ခဲ့ပြီး ပြည်သူ သေဆုံးမှုများလည်းရှိနေခြင်းဖြစ်သည်။ ငလျင်ကြောင့် စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်း ရှိ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ တာဝန်ရှိသူက ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ က နွယ်ဂွေကျေးရွာကို ပြီးခဲ့သည့် မတ် ၂၆ ရက်ကလည်း လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ပြည်သူတဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံးလည်းပျက်စီးခဲ့ ကြောင်း သိရသည်။ စာတည်း။ ။အောင်ကျော်ဖြိုး #WhatsHappeninglnMyanmar #ငလျင် #သဘာဝဘေး #မဇ္ဈိမသတင်းဌာန #MizzimaBurmeseNews #myanmarearthquake









