All Burma Federation of Student Unions

1.1K posts

All Burma Federation of Student Unions banner
All Burma Federation of Student Unions

All Burma Federation of Student Unions

@abfsu_org

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Myanmar Katılım Şubat 2021
3 Takip Edilen5.4K Takipçiler
Sabitlenmiş Tweet
All Burma Federation of Student Unions
ဗကသများအဖွဲ့ချုပ်သို့ ဆက်သွယ်ရန် လိပ်စာများ ▪️ဗဟိုစည်းရုံးရေးကော်မတီ - abfsu.cec@protonmail.com ▪️နိုင်ငံခြားရေးကော်မတီ - abfsu.fac@protonmail.com ▪️သတင်းနှင့်ပြန်ကြားရေးကော်မတီ - abfsu@protonmail.com
All Burma Federation of Student Unions tweet media
MY
4
12
49
4.1K
All Burma Federation of Student Unions
ကမ္ဘာ့အလုပ်သမားနေ့လှုပ်ရှားမှုအဖြစ် ဆန်ဖရန်စစ်စကို မြို့တဝိုက် လှုပ်ရှားမှုများဖော်ထုတ်၊ ဗကသမှ ပူးပေါင်းပါဝင် မေလ ၂ ရက်၊ ၂၀၂၆ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်စကို အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းနဲ့ မြို့ထဲတဝိုက်မှာ အလုပ်သမားတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒေလီမြို့ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကလည်း မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ International League of People's Struggle (ILPS)၊ ဖိလစ်ပိုင်လူအခွင့်အရေးကော်မတီ - ဆန်ဖရန်စစ်စကို (SFCRPH)၊ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့တို့နဲ့ အတူ ပါဝင်အား‌ဖြည့်ခဲ့ကြပါတယ်။ အဆိုပါလှုပ်ရှားမှုမှာ ဒေလီမြို့ကျောင်းသားသမဂ္ဂ - ဗကသ အနေနဲ့ မေဒေးအထိမ်းအမှတ် လက်ကမ်းစာစောင်တွေလည်း ဝေခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #MayDay
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
4
15
270
All Burma Federation of Student Unions
အရာတော်မြို့နယ်အတွင်းမှာ ဗကသ က လေကြောင်းအသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ မတ်လ ၂၅ ရက်၊ ၂၀၂၆ အရာတော်မြို့နယ်အတွင်းမှာ အရာတော်မြို့နယ်ကျောင်းများသမဂ္ဂနဲ့ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး ဗုံးခိုကျင်းတည်ဆောက်ပုံနဲ့ လေကြောင်းအသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။ အဆိုပါဖြန့်ဝေမှုကို မတ်လ ၂၂ ရက်နေ့မှာ လုပ်ဆောင်ခဲ့ပြီး လေကြောင်းအသိပညာပေးလက်ကမ်းစာစောင်ရေ ၁၅၀ ထက်မနည်း ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသမျအဖွဲ့ချုပ် #ဗကသများအဖွဲ့ချုပ် #ABFSU #AYD #အရာတော် #လေကြောင်းအန္တရာယ်
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
4
16
372
All Burma Federation of Student Unions
မြိုင်မြို့နယ် ကျောင်းသားသမဂ္ဂက စစ်အာဏာသိမ်းခြင်း (၅) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆွေးနွေးပွဲ ပြုလုပ် ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၆ မြိုင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) က စစ်အာဏာသိမ်းခြင်း (၅) နှစ်ပြည့်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ကျောင်းသားသမဂ္ဂရဲဘော်တွေကနေ အမှာစကားပြောကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ တက်ရောက်လာတဲ့ ကျောင်းသားတွေကို လက်ကမ်းစာစောင် ပေးဝေခြင်းနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အကြောင်းအရာတွေ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #Myaing #တပ်ပေါင်းစု #စစ်သုံးစစ်
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
5
12
502
All Burma Federation of Student Unions
ဗကသများအဖွဲ့ချုပ်က ကျေးရွာ ၈ရွာမှာ အာဏာသိမ်း ၅နှစ်ပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ ဖေဖော်ဝါရီလ ၁ရက်၊ ၂၀၂၆ ဗကသများအဖွဲ့ချုပ်က ကနီ၊ ဘုတလင်နဲ့ ယင်းမာပင်မြို့နယ်တွေက ကျေးရွာ ၈ရွာကို အာဏာသိမ်း ၅နှစ်ပြည့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်သမဂ္ဂတွေ ဖြစ်ကြတဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၃၁ရက်နဲ့ ဖေဖော်ဝါရီလ ၁ရက်တို့မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ “တပ်ပေါင်းစု၍ အတူရပ်၊ စစ်သုံးစစ်ကို အမြစ်ဖြတ်”ခေါင်းစဉ်နဲ့ စစ်အာဏာသိမ်းမှု ၅နှစ်ပြည့်အတွက် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ကြေညာချက်ပါ လက်ကမ်းစာစောင်တွေကို မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၈ရွာက စာသင်ကျောင်းတွေနဲ့ ပြည်သူတွေထံ လိုက်လံဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
1
4
11
565
All Burma Federation of Student Unions
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၆ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူ့အခြေပြုစာသင်ကျောင်းတာဝန်ခံတွေနဲ့ ပူးပေါင်းကာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ ကျောင်းသားကျောင်းသူတွေရဲ့ စကားပြောစွမ်းရည်တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၂၆ ယောက် ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။  ပြိုင်ပွဲအခမ်းအနားမှာ သမဂ္ဂအလံတော်ကို အလေးပြုတာ၊ ကျောင်းသားသမဂ္ဂရဲဘော်တွေကနေ အမှာစကား ပြောကြားတာ၊ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက ၀မ်းမြောက်ကြောင်း စကားပြောကြား၊ အကဲဖြတ်ဒိုင်လူကြီးတွေက ဆုရွေးချယ်တာ၊ ဆုချီးမြှင့်တာ စတဲ့အခမ်းအနားအဆင့်ဆင့်နဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
1
3
6
451
All Burma Federation of Student Unions
ဗကသများအဖွဲ့ချုပ်မှ တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေ ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၆ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကနေ တနင်္သာရီမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွေမှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာစောင်တွေကို လူထုထံ လိုက်လံဖြန့်ဝေခဲ့ပါတယ်။ #ABFSU #TTSU #အတုအ‌ယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး #တနင်္သာရီမြို့နယ်
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
0
9
383
All Burma Federation of Student Unions
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ် ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၅ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တို့ ပူးပေါင်းပြီး တနင်္သာရီမြို့နယ် ဒေသတနေရာမှာ စစ်ကော်မရှင်ရဲ့ အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်‌ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၈ နေ့မှာ ချီတက်ခဲ့တာဖြစ်ပြီး အခြားဒေသခံပြည်သူလူထုလည်း ပူးပေါင်းပါ၀င်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #တနင်္သာရီ #အတုအ‌‌ယောင်ရွေးကောက်ပွဲ #သပိတ်လှုပ်ရှားမှု
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
0
2
129
All Burma Federation of Student Unions
အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂအောက်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတရပ်က ဦးဆောင်ပြီး သုံးရက်တာ အားကစားပြိုင်ပွဲတခု ပြုလုပ် ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၅ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အောက်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတရပ်က ဦးဆောင်ပြီး ကျောင်းတွင်း ဒီဇင်ဘာအားကစားပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး နောက်ဆုံးနေ့မှာ ဆုပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျောင်းသားထုနဲ့ ပြည်သူလူထုကို ကြက်သားဆန်ပြုတ်နဲ့ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #အားကစားပြိုင်ပွဲ #studentsunion
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
1
4
151
All Burma Federation of Student Unions
ဖိနှိပ်မှုတွေကို အိုးဝေကတဆင့် ဖော်ထုတ်လိုက်ပါ ____________________________________________ ဗမာပြည်တဝှမ်းက ကျောင်းသား၊ကျောင်းသူ ညီအကို၊ မောင်နှမ အပေါင်းတို့… ဒီနေ့အချိန်ဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းဖို့ နီးကပ်နေတဲ့ ကာလဖြစ်ပါတယ်။ စစ်အုပ်စုဟာဆိုရင် သူရဲ့ မတရားစစ်အာဏာကို တရားဝင်မှုပြုဖို့ရာအတွက် အတုအယောင်ရွေးကောက်ပွဲကို အတင်းကာရော ကျင်းပဖို့ စိုင်းပြင်းပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက်လည်း မသမာတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်းနေပါတယ်။ ဒီလိုနည်းလမ်းတွေထဲက နည်းလမ်းတခုကတော့ စစ်အုပ်စု ထိန်းချုပ်နယ်မြေတွေမှာ၊ သူတို့လက်လှမ်းမှီရာဒေသတွေမှ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကို ရွေးကောက်ပွဲမှာ အတင်းအကြပ်မဲပေးဖို့ ဖိအားပေးတာပဲဖြစ်ပါတယ်။ ဗမာပြည်တလွှားက ကျောင်းသားရဲဘော်တွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုင်ရာ အတင်းအကြပ်ဖိအားပေးမှုမျိုး၊ အကြပ်ကိုင်မှုမျိုးကို ကိုယ်တိုင်ဖြစ်စေ အသိမိတ်ဆွေတွေထဲကဖြစ်စေ ကြုံတွေ့နေရတာမျိုးရှိတဲ့အခါ အိုးဝေကနေတဆင့် မိမိတို့ရဲ့ အသံကို ထုတ်ဖော်ပြောကြားဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုလို ကြုံတွေ့နေရတဲ့ မတရားဖိနှိပ်မှုတွေကို သတင်းပေးပို့မယ်ဆိုရင်တော့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီရဲ့ Telegram Account ဆီကို လျှို့ဝှက် လာရောက်ဆက်သွယ်နိုင်ပါတယ်။ ➡️ t.me/ABFSUOway ➡️ @ABFSUOway မတရားမှု ဟူသမျှ ဆိတ်ကွယ်ရာ မရှိရလေအောင် အိုးဝေကတဆင့် ဖော်ထုတ်ကြေညာနိုင်ပါကြောင်း ကျောင်းသားရဲဘော်များအား သတင်းပါးအပ်ပါတယ်။ “စစ်အုပ်စုရဲ့ ဖိနှိပ်မှုဟူသမျှ ဆန့်ကျင်ဖော်ထုတ်ကြ” #Oway #ABFSU #UYSU #Militaryatrocities #shamelection #election2025
All Burma Federation of Student Unions tweet media
MY
0
0
1
156
All Burma Federation of Student Unions
မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ပန်းချီပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲ ကျင်းပ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၂၅ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)မှ ဦးဆောင်၍ ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ပူးပေါင်းကာ ပန်းချီပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲတို့အား ကျင်းပပေးခဲ့သည်။ ပြိုင်ပွဲအား နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်တို့ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲအခမ်းအနားတွင် သမဂ္ဂအလံတော်အား အလေးပြုခြင်း၊ ကျောင်းသားသမဂ္ဂရဲဘော်များက အမှာစကား ‌ပြောကြားခြင်း၊ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများက ၀မ်းမြောက်ကြောင်း စကားပြောကြားခြင်းတို့အပြင် အကဲဖြတ်များမှ ဆုရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့ကို အောင်မြင်စွာ ကျင်းပလုပ်ဆောင်လုပ်နိုင်ခဲ့ပါသည်။ #ABFSU #Myaing #Studentsunion
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
0
2
141
All Burma Federation of Student Unions
တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ် စက်တင်ဘာ ၁၈၊ ၂၀၂၅ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ် တော်လှန်ရေးဒေသတနေရာမှာ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ စစ်ကောင်စီရဲ့ အတုအ‌‌ယောင် ရွှေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြဖို့နဲ့ အာဏာရှင်မှန်သမျှကို တော်လှန်တိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့ နိုင်ငံရေးအသိပညာတွေကိုလည်း အသိပညာပေး ဟောပြောခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရွှေဝါရောင်တော်လှန်ရေး #သပိတ်လှုပ်ရှားမှု #တနင်္သာရီ
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
1
7
308
All Burma Federation of Student Unions
📣 Fight the Cold Together, Send Warm Clothes to Karenni Refugees 📣 In many places in Burma, the rainy season isn’t even over yet, and in some places the weather is still hot and humid. But in the Karenni refugee camps, which continue to endure relentless air strikes and artillery attacks, people are already feeling the breath of winter. That’s why we would like to raise funds from the people to provide warm clothing to the Karenni refugee camps before winter fully sets in. This winter clothing campaign is jointly organized by the All Burma Federation of Student Unions (ABFSU), University of Yangon Students’ Union (UYSU), All Burma Women’s Unions (ABWU), Yadanabon University Students’ Union (YUSU), Daly City Student Union (ABFSU), and Students without Borders Campaign. The campaign will run from September 9, until October 9, just before winter, with the goal of raising up to $ 3,500 (USD). 📢 If you would like to contribute, you can reach out through FB Messenger / DM of any of these pages: 👉 All Burma Federation of Student Unions (ABFSU) – facebook.com/share/1FmVWbkT… 👉 University of Yangon Students’ Union (UYSU) – facebook.com/share/1ZzYbTUk… 👉 All Burma Women’s Union (ABWU) – facebook.com/share/191JKpT6… 👉 Yadanabon University Students’ Union (YUSU) – facebook.com/ydnbusu 👉 Daly City Student Union (DSU) – facebook.com/share/17KWY7Dm… 👉 Students Without Borders (SwB) - facebook.com/share/1GV9srin… #ABFSU #UYSU #ABWU #DSU #YUSU #SwB #IDP #Karenni #SweatersforIDPwinter
All Burma Federation of Student Unions tweet media
English
0
1
2
231
All Burma Federation of Student Unions
စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက် ဩဂုတ်လ ၆ ရက်၊ ၂၀၂၅ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
10
40
1.4K
All Burma Federation of Student Unions
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂက စကားဝိုင်းပြုလုပ် ဇူလိုင်လ ၅ရက်၊ ၂၀၂၅ အရာ​‌တော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယမန်နေ့က စကားဝိုင်းပြုလုပ်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာတော့ လက်ရှိတော်လှန်ရေးအခြေအနေတွေ၊ လုပ်ငန်းစဥ်တွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး သမဂ္ဂအနေနဲ့ ကျောင်းသားထုအကျိုးပြုလုပ်ငန်းတခုကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းစဥ် ချမှတ်နိုင်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #အရာတော် #studentsunion #discussion
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
1
5
43
1K
All Burma Federation of Student Unions
တနင်္သာရီမြု့နယ်‌ကျောင်းသားများသမဂ္ဂက ပြည်သူ့အခြေပြုကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်နည်း အသိပညာပေးပြီး တော်လှန်ရေး ရုပ်ရှင်ပြသ ဇူလိုင်လ ၁ရက်၊ ၂၀၂၅ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က တနင်္သာရီမြို့နယ်အတွင်းက ပြည်သူ့‌အခြေပြုမြေပြင်ကျောင်းတကျောင်းမှာ ယမန်နေ့က လေကြောင်းရန်ကာကွယ်နည်း သရုပ်ပြဗီဒီယိုတွေနဲ့ အခြားတော်လှန်ရေးရုပ်ရှင်တွေ ပြသခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးပြုပြီး ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #တနင်္သာရီ #လေကြောင်းရန်
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
0
10
32
924
All Burma Federation of Student Unions
ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မှာ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် အသိပညာပေး ဇူလိုင်လ ၁ရက်၊ ၂၀၂၅ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဇွန်လ နောက်ဆုံးရက်သတ္တပတ်မှာ မြိုနယ်အတွင်းက ဒေသခံပြည်သူလူထုကို လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် သတိပေးစာဖြန့်ဝေပြီး အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခံရတဲ့ ယင်းမာပင်နယ်ထဲက စာသင်ကျောင်း၊ လမ်းသွားလမ်းလာပြည်သူလူထုနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အခုလို သတိပေးစာတွေ လိုက်လံဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ မေလ ၁၄ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ယင်းမာပင်မြို့နယ်က ၁၂တန်းကျောင်းသူ ၁ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့အထိ မှတ်တမ်းများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း အရပ်သား ၁၅၀၅ဦးအထိ သေဆုံးခဲ့ပြီး ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၅ခုနှစ်တို့မှာ စစ်ကိုင်းတိုင်းဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်တယ် လို့ AAPPက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က နိုင်ငံအနှံ့မှာရှိတဲ့ စာသင်ကျောင်းတွေ၊ ကျေးရွာတွေနဲ့ လူနေအဆောက်အဦတွေကို လက်နက်ကြီးနဲ့ လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်လျက်ရှိပါတယ်။ #ABFSU #AirStrike #Militaryatrocities
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
1
8
24
1.1K
All Burma Federation of Student Unions
ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်း _______ အောက်ပါရဲဘော်များအား ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။ ကိုဝေယံဖြိုးမိုး (တွဲဘက်အတွင်းရေးမှူး - ၃၊ ဗဟိုစည်းရုံးရေးကော်မတီ) ကိုသန့်ဇင် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ) မသီရိဇော် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ) ကိုဘချို (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ) မသွန်းသီရိသူ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ) ကိုစွမ်းရည်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) ကိုထက်သူရ (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) မနုငယ် (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) ကိုသူရိန်ဇော်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) မယုသိင်္ဂီ (အဖွဲ့ဝင်၊ မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ) ဗဟိုစည်းရုံးရေးကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် #ABFSU #ဗကသ
All Burma Federation of Student Unions tweet media
MY
0
4
14
840
All Burma Federation of Student Unions
CRPH မှ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် စပ်လျဉ်း၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
2
11
27
4K
All Burma Federation of Student Unions
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် ဇွန်လ ၈ရက်၊ ၂၀၂၅ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနှင့် မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းတကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ လေကြောင်းအန္တရာယ် ကြုံတွေ့ရစဉ်မှာ ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေး၊ စနစ်ကျစွာ နေထိုင်နိုင်ရေးတို့အတွက် သရုပ်ပြလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရေစကြို #မြိုင် #လေကြောင်းအန္တရာယ်
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
1
2
30
1.4K
All Burma Federation of Student Unions
"လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါ ဘန်နာချိတ်ဆွဲ၍ ကျောင်းသားထုလှုပ်ရှားမှုတရပ် ပြုလုပ် ဇွန်လ ၈ရက်၊ ၂၀၂၅ ယင်းမာပင်မြို့နယ်ထဲက အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတနေရာမှာ "လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါဘန်နာကို ချိတ်ဆွဲပြီး ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။ ၂၀၂၅၊ မေလအတွင်းမှာ စစ်တပ်အထိုင်ချရာနေရာ၊ စစ်ကောင်စီစိုးမိုးဒေသတွေနဲ့ နီးစပ်ဒေသအချို့မှာ စစ်ကောင်စီက စာသင်ကျောင်း၊ ဘကကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေး ဗန်းပြပြီး ဒေသခံကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့မိဘတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ အခြားအချက်အလက်တွေကို အတင်းအဓမ္မကောက်ခံနေပါတယ်။ တဆက်တည်းမှာပဲ ကျောင်းတွေမှာ အတန်းကျော်တက်နိုင်ရေးအတွက် ပိုက်ဆံကောက်ခံတာ၊ စစ်ကောင်စီနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းလည်ပတ်‌ရေးအတွက် ဒေသခံတွေကို ငွေကြေးပေးပြီး မသမာတဲ့ နည်းလမ်းနဲ့ လက်ဝါးကြီးအုပ်တာတွေ ပြုလုပ်နေကြပါတယ်။ ‌ဒီအ‌ခြေအနေတွေကြောင့် ဒေသခံပြည်သူလူထုလည်း စိုးရိမ်နေရပြီး ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ဖို့ ဒီဘန်နာကို ချိတ်ဆွဲ၊ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ယင်းမာပင် #ပုလဲ #studentsunion #studentsmovement #WhatshappeninginMyanmar
All Burma Federation of Student Unions tweet mediaAll Burma Federation of Student Unions tweet media
MY
2
10
61
4.1K