Crystalkeyl

32.6K posts

Crystalkeyl banner
Crystalkeyl

Crystalkeyl

@crystalkeyl

🤜𝙄𝙛 𝙮𝙤𝙪 𝙛𝙚𝙚𝙡 𝙚𝙫𝙚𝙧𝙮𝙩𝙝𝙞𝙣𝙜 𝙩𝙤𝙤 𝙝𝙚𝙖𝙫𝙮,𝙅𝙪𝙨𝙩 𝙧𝙚𝙨𝙩 𝙗𝙪𝙩 𝙣𝙚𝙫𝙚𝙧 𝙦𝙪𝙞𝙩🤛

Sapporo City Chuo Ward KatÄąlÄąm EylĂźl 2009
56 Takip Edilen3.5K Takipçiler
Sabitlenmiş Tweet
Crystalkeyl
Crystalkeyl@crystalkeyl¡
အာဂျင်တီးနား တရားရုံးက မြန်မာနိုင်ငံ၏ တာဝန်ရှိသူ ၂၅ ဦး (ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင်) အား ဖမ်းဆီးရေးဝရမ်းများ ထုတ်ပြန်ခဲ့သည်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရာတွင် သမိုင်းဝင်အဖြစ် မှတ်သားစရာ ဖြစ်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို အဓိက တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို မှားယွင်းစွာ နားလည်ထားကြောင်းကို ပြသနေပါသည်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖြေရှင်းရန် အရေးကြီးသော်လည်း စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို အဓိကထား၍ စစ်တပ်မှ တာဝန်ရှိသူများအား တရားစီရင်နိုင်ရန် အလေးမထားဘဲ နိုင်ငံရေး အခက်အခဲများကြားတွင် လုပ်ဆောင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များကို တူညီစွာ စွပ်စွဲခြင်းသည် မဖြစ်သင့်ဟု ယူဆပါသည်။ တာဝန်ရှိသူများအား တရားမဲ့စွပ်စွဲမှု အာဂျင်တီးနား တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အား စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တူညီသော တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကန့်အသတ်များကို မှားယွင်းစွာ နားလည်ထားကြောင်း ပြသပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် စစ်ဆင်ရေး များကို စစ်တပ်၏ လက်ထဲတွင်သာ ထိန်းချုပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်ရေးမှ လုံးဝ ကင်းလွတ်နေခဲ့သည်ကို အသိအမှတ် မပြုရာရောက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အရပ်ဖက် စီမံခန့်ခွဲရေး ခေါင်းဆောင်များအား စစ်တပ်၏ ကျူးလွန်မှုများနှင့် တူညီသော တာဝန်ရှိသူများဟု သတ်မှတ်ခြင်းသည် စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို မထင်မရှား နောက်ကွယ်သို့ ရောက်စေပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု၏ အဓိက တာဝန်ရှိသူ စစ်တပ်အား တာဝန်ခံမှုနည်းစေသော လမ်းကြောင်းသို့ ဦးတည်နေသည်ကို ပြသနေသကဲ့သို့ ထင်ရပါသည်။ ရိုဟင်ဂျာ ပြဿနာကို နားလည်ရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ အခန်းကဏ္ဍကို ထည့်သွင်းပြောဆိုရန် လိုအပ်ပါသည်။ မဘသ သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆန့်ကျင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သော NLD တို့ကို မွတ်စလင်များအား ထောက်ခံသော နိုင်ငံရေးပါတီဟု သမုတ်ခဲ့ပါသည်။ NLD အာဏာရလျှင် မြန်မာ့ အမျိုး ဘာသာ သာသနာ ထိခိုက်မည်ဖြစ်ကြောင်း NLD နှင့် ပြိုင်နေသော စစ်တပ် ရုပ်သေးပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘက်မှ မဲဆွယ်ပေးခဲ့ပါသည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် မဘသ သည် စစ်တပ်၏ ညွှန်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖျက်ဆီးရန် ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် နိုင်ငံ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန်ဆိုပြီး စစ်တပ်၏ လူမျိုးရေးဝါဒများကို ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် စစ်တပ်သည် နယ်မြေရှင်းလင်းရေးဟုခေါ်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ခဲ့ပြီး မဘသ၏ လူမျိုးရေးလှုံ့ဆော်မှုများကို အသုံးချကာ ပြည်သူ့ထောက်ခံမှု ရယူခဲ့ပါသည်။ ဤဆောင်ရွက်ချက်များ၏ အဓိက ရည်ရွယ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာထောက်ခံမှု ရုတ်သိမ်းသွားစေရန် ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်မှားယွင်းမှု နိုင်ငံတကာအသိုင်းအဝိုင်း၏ ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ အောက်ပါ တုံ့ပြန်မှုတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးလမ်းကြောင်းကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ပါသည်။ (၁) မှားယွင်းသော ဝေဖန်မှု ။ ။ ဒေါ်အောင်ဆန်းစုကြည်အား သူ၏ထိန်းချုပ်မှု၏အောက်တွင် မရှိခဲ့သော စစ်တပ်၏ ကျူးလွန်မှုများအတွက် တာဝန်ရှိသူဟု သတ်မှတ်ခြင်း။ (၂) စစ်တပ်ကို မထိရဲခဲ့ခြင်း ။ ။ စစ်တပ်နှင့် ပတ်သက်၍ အကျိုးစီးပွားဖြစ်နေသော နိုင်ငံများ၏ နောက်ကွယ်မှ လွှမ်းမိုးတောင်းဆိုမှုတို့ကြောင့် စစ်တပ်ခေါင်းဆောင်များကို တိုက်ရိုက် ဖိအားပေးရန် မပြုလုပ်ခဲ့ခြင်း။ (၃) ပြည်လုံးကျွတ် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအား ပံ့ပိုးမှု မပြုခဲ့ခြင်း ။ ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် စိတ်ဝင်စားမှု၊ ပံ့ပိုးမှု နည်းပါးခဲ့ခြင်း။ အမေရိကန်လွှတ်တော်မှ အချို့အမတ်များသည်ပင် မြန်မာ့အရေး လှုပ်ရှားသူအချို့အား သူတို့သည် ရိုဟင်ဂျာအရေးကို မြန်မာပြည်၏ အဓိကအရေးအဖြစ် ထားရှိကြောင်း၊ ကျန်သော မြန်မာတပြည်လုံး အရေးကို သိပ်အလေးမထားကြောင်း သွယ်ဝိုက်၍ အသိပေးပုံရခဲ့ပါသည်။ အထက်ပါ ဖြစ်ရပ်များနှင့် လုပ်ဆောင်ချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရအား နိုင်ငံတကာ ထောက်ခံမှုကို လျော့နည်းစေခဲ့၍ စစ်တပ်ကို အာဏာသိမ်းရဲစေရန် အားပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
4
29
103
18.4K
Crystalkeyl
Crystalkeyl@crystalkeyl¡
ပယောဂမှန်ရင် သံချွန်မီးဖုတ်ထိုးစရာမလိုဘူး။ သွလိုလို တုန်ဆင်းလာတဲ့အမျိုး။ ဒလဟောပဲ။ အထူးဆိုရသော် ဂုလို ဆိုရှယ်မီဒီယာခေတ်ကြီးမှာ အောက်စီဂျင်ဗူး ခါးကြားထိုးလဲ ဘယ်အကောင်မှ ရေကြာကြာမငုတ်နိုင်ဘူး။ ရှေ့ကဖုံးနောက်ကပေါ် ဟောင်းလောင်းဖစ်တာချည့်။ လိမ်နိုင်ရင် ပညာယှိ၊ ဝါနိုင်ရင် သမာဓိ၊ မိုက်ရိုင်းတော့ထင်ပေါ်၊ မှန်ကန်တော့လူမုန်း၊ ရိုးသားတော့လူဖြစ်ရှုံး ဆိုတာတွေက နေ့တဝက်မကူး တော့ပါပု။ ဆိုရှယ်ဒွန္နယာကြီးက သူ့သဘောသူဆောင် သရုပ်မှန်တွေကို တလွှာပြီးတလွှာ ခွါချပစ်နေတာမို့ စိတ်ရှည်သည်းခံ၊ လမ်းကြောင်းမှန်၊ ဂျောင်းရ ဟောင်းလောင်းချည်းပဲ။ ခဏတဖြုတ်တော့ အိယောင်ဝါးကြတာ လူ့သဘာဝ။ ကမ္ဘာဦးလူသားတွေ နေထွက်တိုင်း ထိုင်ကတော့ကြသလို အားကိုးရာ ရှာကြတာ မဆန်း။ ဗိုလ်ချုပ်အောင်ဆန်းဝင်စားသတဲ့။ ဒေါ်အောင်ဆန်းစုကြည်လက်သစ်လေးတဲ့။ ဟောဒီ သောက်တိုင်းပြည်အတွက် သူသာလျှင်ဘဝ၊ သူသာလျှင်အသျှင်သခင်။ ထင်တလုံးနဲ့ ကော့တက်ခဲ့ကြတာ အပြစ်ရယ်လို့ မဆိုသာ။ အဲအုပ်ထဲ ငါလည်းပါသကိုး။ ဒါဘေမက် ဖွတ်မထွက်ခင်က တောင်ပို့မှန်းသိကြနွန်းလို့ ဖွတ်တွေလဲ ပြူတစ်ပြူတစ်မလုပ်ရဲတဲ့ အနေအထား။ ခေါင်းထွက်တာနဲ့ ဟက်ပီးဝါးက အရုပ်လို တူနဲ့ဝိုင်းထုလို့ ဖွတ်ဖွတ်ညက်ညက်ကြေကုန်တာပဲ မဟုတ်လား။ ဆိုတော့ကာ.............. အခုဘာလုပ်ကြမလဲ။ ဘယ်ကိုရွေ့မလဲ။ ဘာတွေမျှော်လင့်မလဲ။ သွသူတောင် နေ့တွက်မကိုက်လို့ သတင်းစာမှာ ကြေညာနေရတဲ့ ဗေဒကဝိတွေ အားမကိုးလေနဲ့။ ဒို့ခြေဒို့လက် ဒို့ခွန်အားတွေနဲ့ ရှေ့သို့သာလှမ်း သောကြာကြယ်အလား စိတ်ကိုသာ မွေးကြစို့။ မအလ က အတစ ကို ကြိုးစင်လက်မှတ်တရားဝင် လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားနောက်လဲ မလိုက်နဲ့။ လဘက်ခြောက်ကို ဘောင်းဘီချွတ်ပြီး နောက်ပိုင်းကြမ်းမယ်ဆိုတာလဲ အာရုံမပြားကြနဲ့။ မအလ နောက်ပိုင်းကြမ်းမယ်ဆိုလို့ ခေါဘဏီခမျာ့ ဖျင်ပေးအိပ်နေတာ ရက်ပေါင်းမနည်းတော့ဘူးတဲ့။ ဟော့အစ်သျှူး လက်ယာ၊ လက်ဝဲ မြိုင်မှာ ထိပ်တိုက်ဆိုင်ကြတာလဲ စိတ်မပူကြလေနဲ့။ အဓိက က အဓိကမဟုတ်လား။ ပြာပုံကနေ ဖလူးဖလူးခါပြီး အောင်နက်က ပလ္လင်ပေါ်တက်တိုင်း ဘျင် ဖြစ်တာမှ မဟုတ်ပဲ။ ကိုယ့်အခြေအနေ သူ့အခြေအနေ လောင်းကြေး ဘယ်လိုရှိသလဲဆိုတာသာ မြင်အောင်ကြည့်ကြပါစို့။ အခုထိ အောင်နက်ရဲ့ ပလ္လင်သိမ်းအောင်ပွဲကို ပထွေးတော် သာကောကတောင် တခုတ်တရ ဂုဏ်ပြုချီးမွမ်းတာ တွေ့မိလို့လား။ ကျန်နိုင်ငံတွေဆိုတာ ပြောမနေနဲ့။ မဖြစ်ခင်က ကန့်ကွက်ပါသည်တွေပဲ ပလူပျံနေတာမဟုတ်လား။ ဂလိုအနှီလို အနေအထားမှာ ငတို့ဖက်က ဟိုကောင်စီဆိုတာကြီး ပေါ်လာတယ်လေ။ ပျင်းရိခြင်း ၆ပါးလို စောလွန်းသည်၊ နောက်ကျလွန်းသည် စဆရက သိပ်မလုပ်ကြပါနဲ့လား။ စစ်ရေး၊ နိုင်ငံရေး ပေါင်းဆော်မယ်လို့ ကတိပြုထားလေတာမို့ စောင့်ကြည့်၊ လေ့လာ၊ ဝန်းရံ တွန်းလှန်ကြရုံသာပ။ ကိုယ့်ချင်းကိုယ့်ချင်းလဲ သိပ်မတွက်ကြလေနဲ့။ တချို့တွေက ဘဲနဲ့ဖောက်တဲ့ကြက်လိုပဲ။ မွေးကာစ မသိသာပေမယ့် အချိန်တန်ရင် ဘဲကဘဲ၊ ကြက်ကကြက် လမ်းချင်းမတူလို့ ရေမြင်တိုင်း ခုန်ဆင်းတယ်လို့သာ မှတ်ကြ။ ဘဲခုန်ဆင်းတိုင်း ကြက်က လိုက်ခုန်ဆင်းရင် ကာလနာတိုက်ကုန်မှာပေါ့။ ဟုတ်ဖူးလား။ ကဲပါ.......... ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေးကထက်ပိုလို့ချစ်ကြရင်း ဒီစစ်ကို အောင်ပွဲနဲ့အတူ အပြီးသတ်ကြရအောင်ပါဗျာတို့။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (အောင်စည်ရွှမ်းသံကြားပြီထင့် ပြည်တော်ဝင်မယ်လေ ကဏ္ဍ) #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
0
1
2
12
Crystalkeyl
Crystalkeyl@crystalkeyl¡
အင်ဒိုနီးရှားတွင် ပြင်းအား ၇ ဒသမ ၄ ငလျင်ကြောင့် လူ ၁ ဦးသေဆုံး၊ ဆူနာမီဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ တာနာတေးကျွန်းအနီးရှိ မြောက်ပိုင်း မိုလုကာပင်လယ်မှာ ဧပြီ ၂ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒေသစံတော်ချိန် ဒီနေ့မနက် ၆ နာရီ ၄၈ မိနစ်လောက်က လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ကြောင့် အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး ဆူနာမီလှိုင်းတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြင်းအား ၅ အဆင့်အထိရှိတဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ အင်ဒိုနီးရှားရုပ်သံလွှင့်ဌာန Metro TV ကတော့ မာနာဒိုဒေသမှာ အဆောက်အအုံ အပျက်အစီးတွေအောက် ပိမိပြီး လူတယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီ BMKG က အနောက်ဟာလ်မာဟေရာမှာ ၀ ဒသမ ၃ မီတာနဲ့ ဘီတန်မှာ ၀ ဒသမ ၂ မီတာ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံထားပါတယ်။ မာနာဒိုဒေသခံတယောက်က လူတွေ ထိတ်လန့်တကြားနဲ့ အိမ်တွေထဲကနေ ထွက်ပြေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ငလျင် ဗဟိုချက်ကနေ ကီလိုမီတာ ၁,၀၀၀ ပတ်လည်မှာရှိတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှား ကမ်းရိုးတန်းတွေမှာလည်း ဆူနာမီလှိုင်းတွေ ဝင်ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။ အင်ဒိုနီးရှား ကမ်းရိုးတန်းတချို့မှာ ဒီရေအထက် သုည ဒသမ ၃ မီတာကနေ ၁ မီတာအထိ မြင့်တဲ့ လှိုင်းတွေ ရိုက်ခတ်နိုင်ခြေရှိပါတယ်။ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတွေအတွက်တော့ ဆူနာမီအန္တရာယ် ကြီးကြီးမားမား မရှိဘူးလို့ သက်ဆိုင်ရာ မိုးလေဝသဌာနတွေက ထုတ်ပြန်ထားပါတယ်။ ငလျင်လှုပ်ခတ်ချိန် အတော်ကြာပေမဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းဒေသ (Ring of Fire) မှာ တည်ရှိတာကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ Photo: US Geological Service #အင်ဒိုနီးရှား #ငလျင် #ဆူနာမီ #dvb
Crystalkeyl tweet media
MY
0
0
1
18
Crystalkeyl
Crystalkeyl@crystalkeyl¡
တဖက်တွင်လည်း မင်းအောင်လှိုင်သည် ၎င်းတို့အားလုံး သေတပန် သက်တဆုံး ချမ်းချမ်းသာသာ နေသွားနိုင်ဖို့ စီစဉ် ပေးနေခြင်းသာ ဖြစ်သည်ဟု ယူဆထားကြပြန်၍ အတတ်နိုင်ဆုံး အောင့်အီး သည်းခံ ကြမည်သာ ဖြစ်သည်။ မင်းအောင်လှိုင်ဖက်ကလည်း ၎င်းကို ပခုံးချင်းယှဉ် နိုင်လောက်အောင် အစွမ်းအစ ရှိသူ တဦးတယောက်မျှ စစ်တပ်ထဲတွင် ရှိမနေရန် စိတ်ချအောင် လုပ်ခဲ့ပြီးမှ ခြံစောင့်ကို ထားခဲ့ကာ ဖုတ်ဖက်ခါ ထလာခဲ့ခြင်း ဖြစ်သည်။ စစ်ပွဲ နှင့် ကင်းလွတ်ရာ ဒေသများရှိ လူထုကြီး အဖို့က တ‌ နေ့တခြား ကုန်ဈေးနှုန်းကြီးမြင့်လာမှု၊ ကုန်ပစ္စည်းပြတ်လပ်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် အလုပ်လက်မဲ့ပြဿနာများကို ရင်ဆိုင်နေကြရသည်။ အိမ်ထောင်စု ထက်ဝက်ခန့်သည်လည်း စားနပ်ရိက္ခာ ဖူလုံမှု အလွန်အားနည်းနေပြီး ‘တစ်နေ့တခြား ရုန်းကန်နေကြရကာ အနည်းငယ်သော အခက်အခဲဒဏ်ကိုပင် မခံနိုင်ကြတော့ကြောင်း’ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထိုသို့ လူအများသည် ထမင်း နပ်မှန်ဖို့ အရေး မနိုင်ရင်ကာ ရုန်းကန် နေရချိန်တွင် ဘန်ကောက်တွင် မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ အမည်ဖြင့် ဝယ်ယူထားသည့် ဒေါ်လာ ၃ သန်းတန်ဖိုးရှိ ဇိမ်ခံအိမ်ရာ တစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် “Justice for Myanmar အဖွဲ့က ထိုင်းနိုင်ငံကို ပြီးခဲ့သည့်အပတ်က တိုက်တွန်းခဲ့သည့် သတင်းက ဟိုလေး တကျော်ကျော် ဖြစ်လာခဲ့သည်။ အဆိုပါ ငွေကြေးများသည် အဂတိလိုက်စားမှုမှ ရရှိလာခြင်း ကြောင့် ဖြစ်ပြီး ယခုကဲ့သို့ ဝယ်ယူခြင်းသည် ၎င်း အပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရှောင်တိမ်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က စွပ်စွဲထားသည်။ အနှီ ပုဂ္ဂိုလ်သည် နှစ်ပေါင်းများစွာအတွင်း မိမိကိုယ်မိမိ ယာယီသမ္မတ ရာထူးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မဟာသူရဲကောင်း ဘွဲ့တံဆိပ် အပါအဝင် ဘွဲ့ထူး၊ ဂုဏ်ထူး အများအပြားကို ပေးအပ်ခဲ့သည် ဖြစ်သည်။ စစ်တပ် ထိန်းချုပ်ထားသည့် နယ်‌ မြေများတွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင် အုပ်ချုပ်မည့် အရေးကို နိုင်ငံတကာ က အသိအမှတ် ပြင်ဆင်လာခဲ့သည်၊ သမ္မတ ရာထူး အတွက် အဆိုပြုခံရမည့် အရေးကိုလည်း သေချာသည်ထက် သေချာစေရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီး ၎င်းတို့ နှင့် ပူးပေါင်းလာသော ပါတီ များထဲမှ အလားအလာ ရှိသူများ အဖြစ် ထွက် ပေါ်လာသည့် ပါတီများကိုလည်း နည်းပေါင်းစုံ သုံး၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရန် ပိတ်ပင်ခြင်း၊ ၎င်းတို့ လုပ်ချင်သလို လုပ်နေမှု ကို ဝေဖန်သူများ အား ထောင်ထဲထည့်ခြင်းများဖြင့် ၎င်းတို့လူများကို လွှတ်တော်အတွင်း အစုလိုက် အပြုံလိုက် သွတ်သွင်းလာနိုင်ခဲ့သည်။ ဒုခေါင်းဆောင် စိုးဝင်းကိုပင် ဖယ်ထုတ် ခဲ့ခြင်းကပင်လျင် အန္တရာယ် ရှိလာနိုင်သည့် အရာမှန်သမျှကို ကျူပင်ခုတ် ကျုငုတ်မကျန် ရှင်းပစ်မှ ဖြစ်မည်ဆိုသော အစိုးရိမ်ကြီးမှု ကို ဖေါ်ပြနေသည်။ မင်းအောင်လှိုင် အဖို့က ထိုသို့ အလိမ်အညာ အတုအယောင်များ ဖြင့် ဖန်တီးလာသော လွှတ်တော်မှ အဆိုပြုခံရပြီး သမ္မတ ရာထူး ရလာသူ ဖြစ်သည် ဆိုသည်ကို နိုင်ငံတကာက သိထား ပြီး ဖြစ်သည် ဆိုသည့် အချက်ကပင် ရှက်တတ်မည် ဆိုလျင် လွန်စွာ ရှက်ဖို့ ကောင်းနေရသည်။ ၎င်းနှင့် အတူ ပထမ နှင့် ဒုတိယ ဒုသမ္မတ နှစ်ဦးဖြစ်လာရမည့် သူများ သည်လည်း "ကံဆိုးသူ မောင်ရှင်" များ ဖြစ်ကြရပေတော့မည်ဟု the Diplomat မဂ္ဂဇင်း တွင် ရေးသားထားသည်။ သားသမီး အရင်းအခြာပင် ကိုယ်ပုံသွင်း သလို ဖြစ်မလာ ခဲ့သည်များ ရှိနေ၍ ရဲဝင်းဦး နှင့် မင်းအောင်လှိုင်အကြား လုပ်ပိုင်ခွင့် များ အပေါ် မူတည်၍ တပ်တွင်း တည်ငြိမ်မှုမှာလည်း စိန်ခေါ်မှု ရှိလာနိုင်သည်။ ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!! အချက်အလက်ကိုးကား - The New York Times/ South China Morning Post/ The Diplomat #WhatsHappeningInMyanmar #HlaSoeWai ✍️✍️
MY
0
0
0
7
Crystalkeyl
Crystalkeyl@crystalkeyl¡
သမ်မကြီး အောက်ငုံ့ကြည့်၊ ချော်လဲတော့မယ် ************** ကာကွယ်‌ ရေး ဦးစီးချုပ် အဖြစ်မှ အနားယူသွား‌ရ သော မင်းအောင်လှိုင်သည် မိနစ်ပိုင်း အတွင်း မှာပင် ၎င်းတို့ စိတ်ကြိုက် ခန့်အပ်ထားသည့် လွှတ်တော်မှတစ်ဆင့် စစ်မီးတောက်လောင်နေသော နိုင်ငံ၏ နောက်ထပ် အရပ်သားခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရဖို့ နီးကပ်လာနေပြီ ဖြစ်သည်။ ယင်းသည် စနစ်တကျ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး၊ ယခုအခါ အသက် ၆၉ နှစ်ရှိပြီဖြစ်ကာ လူထု မုန်းတီးခြင်းကို ခံနေရသည့် အဆိုပါ စစ်‌ ခေါင်းဆောင် ဟောင်းကို နိုင်ငံ၏ နောက်ထပ် အရပ်သားခေါင်းဆောင် ဖြစ်လာစေရန် လမ်းခင်းပေးခြင်းပင် ဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်က အာဏာသိမ်းပြီး ဖယ်ရှားခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာကို အစားထိုးဝင်ရောက်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ ယခုထက်တိုင် မသိရသည့် နေရာတစ်ခုတွင် ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ထိုရာထူးကို ရဖို့ နှစ်‌ပေါင်းများစွာ မျှော်လင့် တောင့်တ နေသူ ဖြစ်မှန်းလည်း အားလုံးက သိထားကြပြီး ဖြစ်သည်။ မင်းအောင်လှိုင်သည် မဲပေးခွင့်ရှိသူ ၂၆၀ ဦးအနက် ၂၄၇ မဲ ရရှိခဲ့ကြောင်း သိရ‌၍ ထိုလွှတ်တော်တွင် တိုင်းပြည် နှင့် လူထု ကို သနားရ ကောင်းမှန်း သိတတ်သူ ၁၃ ဦး ရှိနေသည်ဟု ယူဆရသည်။ “အခုတော့ မင်းအောင်လှိုင်က သမ္မတ ဖြစ်လာတော့မယ်၊ ရဲဝင်းဦးကလည်း ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီဆိုတော့ သူတို့နှစ်ယောက်ပေါင်းပြီး တိုင်းပြည်ကို ဆက်ပြီး ဖျက်ဆီးကြဦးမှာပါပဲ” ဟု စီဒီအမ် ဗိုလ်မှုး ဟောင်း ဦးနောင်စိုးက ဆိုသည်။ “တိုင်းပြည်အတွက် ကောင်းလာစရာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး၊ ရှေ့မှာ ပိုဆိုးမယ့် အခြေအနေတွေပဲ ရှိတော့တယ်” မင်းအောင်လှိုင်သည် ၎င်း နောက်ဆုံး တက်ရောက်ခဲ့သည့် စစ်ရေးပြ အခမ်းအနား တွင် ယခုလို ပြောသွားခဲ့ပြန်သည်။ “တပ်မတော်သည် ခေတ်အဆက်ဆက်တွင် မည်သည့်အရာထက်မဆို နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှုလျက် မိမိတို့၏ မြင့်မြတ်လှသော တာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့ပါသည်ဟု ကျွန်ုပ် လေးနက်စွာ အတည်ပြုပြောကြားလိုပါသည်” ဟု ၎င်းက ဆိုသည်။ ၎င်း သည် ပြည်သူ လူထု အပေါ် သစ္စာ ရှိစွာ ထမ်းဆောင်ခဲ့ခြင်း ဆိုသည်မှာ နိုင်ငံ ခေါင်းဆောင်များ အဖြစ် ပြည်သူများ တခဲနက် ရွေးချယ် တင်မြှောက်ခဲ့သော ခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချ၊ နိုင်ငံ၏ တိုးတက်ရာ တိုးတက်ကြောင်း ဖေါ်ဆောင်ပေးနေသည့် ဒီမိုကရေစီ လမ်းကြောင်းကို အဆုံးသတ်ခဲ့ပြီး ပြည်တွင်းးစစ်ကြီး မီးဟုန်းဟုန်း တောက်လောင်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကိုလည်း ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်စေခဲ့ခြင်းပင် ဖြစ်သည်။ ကာချုပ် အဖြစ် တာဝန်ယူခဲ့သည့် ၁၅ နှစ်တာ ကာလ အတွင်း တကယ်တမ်း ဖြစ်ခဲ့သည်က ပြည်သူလူထုအပေါ် နှိပ်ကွပ်ရာတွင် ရက်စက်ကြမ်းကြုတ်ခဲ့သူ ဖြစ်ခြင်း။ လူနည်းစု မွတ်စလင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်ဆင်ရေးကို ဦးဆောင်ခဲ့ခြင်း၊ ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာသိမ်းခြင်း၊ လက်နက်မဲ့ ဆန္ဒပြသူများကို သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့သာ ဖြစ်သည်။ ထိုသို့ တိုင်းပြည်တစ်ခုလုံး အဖတ်မဆယ်နိုင်အောင် ပျက်စီးသွားခဲ့ရပြီ ဖြစ်၍ မဲသမာမှု ကြောင့် လုပ်ခဲ့ရသည် ဆို‌သော အကြောင်းပြချက်အား လုပ်သင့်ပါသည်ဟု မည်သူကမျှ လက်မခံနိုင်ကြတော မည်သို့မျှလည်း ကျိုးကြောင်း ဆီလျှော်မှု မရှိတော့၊ သမ္မတ လုပ်လိုသည့် စိတ်သက်သက် နှင့် အကြောင်းပြခဲ့ခြင်းသာ ဖြစ်သည်ဟု ရှူမြင်ကြတော့မည် ဖြစ်သည်။ ရဲဝင်းဦးကလည်း အားကျမခံ “ကျွန်‌ တော်အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ တပ်မတော်၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားတို့ကို ဆက်လက် ထမ်းရွက်သွားမည်ဖြစ်သည်” ဟု ထည့်သွင်းပြောဆိုသွားပြန်သည်။ ရာထူးက မထွက်မီ ၎င်း၏ သစ္စာခံ ထောက်လှန်း‌ ရေး အကြီးအကဲ ရဲဝင်းဦး နှင့် ဆရာတပည့် နှစ်ယောက် နောက်ဆုံး လက်စွမ်း ပြသွားသည်က အာရက္ခ တပ်ဝောာ်၏ စစ်သုံ့ပန်းများ ထိန်းသိမ်းထားသည့် စခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ စစ်သား ၁၁၆ ဦး သေဆုံး သွားခဲ့ရသည်။ ထိုကိစ္စ တွင် တာဝန် အရှိဆုံး ထောက်လှန်းရေး အကြီးအကဲ ဖြစ်သူ ရဲဝင်းဦးသည် ရာထူးမှ မယူမီကပင် စစ်တပ် အတွင်း မကျေချမ်းစရာ ဖြစ်လာရသည်။ နကိုယ်ကတည်းက OTS ကျောင်းဆင်း တဦး ဖြစ်၍ အစာမကြေ ဖြစ်နေကြသော ဒေါ်စိန်အေး ကျောင်းဆင်းများက ၎င်းတို့ အထက်မှ လာ၍ အုပ်ချုပ်မည်ကို လက်မခံ လို ဖြစ်နေကြသည်။ စစ်တပ် အတွင်း ကွပ်ကဲမှု အမိန့်ပေး ပုံစံများနှင့် ဆုံးဖြတ်ချက် ချမှတ်မှုများအပေါ် သက်ရောက်မှုရှိနိုင်ပြီး၊ ထိုမှတစ်ဆင့် စစ်အုပ်စု ၏ ရှေ့တန်းစစ်မြေပြင် မဟာဗျူဟာများအပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်ပါသည်။ #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
1
0
0
21
Crystalkeyl
Crystalkeyl@crystalkeyl¡
Daily Highlight 2 Apr 1 (10:30 PM)     ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - မြဝတီနယ် ၇ကြိမ် - သံတွဲနယ် ၉ကြိမ် - ဖောင်းပြင်နယ် ၂ကြိမ် - ဝက်လက်နယ် ၂ကြိမ် - ငဖဲနယ် ၂ကြိမ် - ဗန်းမောက်နယ် ၁ကြိမ် - သရက်ချောင်းနယ်အတွင်း လေကြောင်းတိုက်ခိုက်မှုအချို့ ရှိပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue
MY
0
0
1
32
Crystalkeyl
Crystalkeyl@crystalkeyl¡
Daily Highlight 1 Apr 1 (10:30 PM) - ယမန်နေ့ ညနေပိုင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီနယ် ဝေါလေမြိုင်အနီး မြန်မာဘက်ခြမ်း နီလာပန်ရွာအနီးတိုက်ပွဲအတွင်းမှ ကျည်ဆန်များ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဟွေ့မဟာဝမ်ရွာအတွင်းသို့ ကျရောက်ခဲ့ကြောင်း၊ ထို့ပြင် မဲဆောက်မြို့၊ မဲ့ကိုကင်းရွာဘက်သို့ လက်နက်ကြီးကျည် ကျရောက်ပြီး မြန်မာစစ်ဘေးရှောင် ပြည်သူ ၃ဦးနှင့် အလုပ်သမားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုင်းစစ်တပ်က သတိပေးသည့်အနေဖြင့် မီးခိုးဗုံး(Smoke rounds) ၄လုံးဖြင့် ချက်ချင်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရ။ - မတ်လ ၂၁ရက်နေ့မှစတင်ပြီး ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့သော စစ်ခွေးစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးငယ်များ၊ မိုင်းများဖြင့် ၇ရက်ဆက်တိုက် တိုက်ခိုက်၊ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ခွေး ၅ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ အဆိုပါစစ်ကြောင်းမှာ ချောက်မြို့နယ်အတွင်းရှိ သစ်တိုကန်၊ သလုံး သွေး၊ သရက်ကုန်း၊ ပြရွာ၊ ကန်တောက်ကျောင်း၊ အိုင့်ကြီး၊ ကိုင်းထောက်ကန်၊ ထောက်ရှည်ကန်၊ ကန်ဆောင်နှင့် မကျီးစောက်ကျေးရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ သလုံးသွေးရွာမှ နေအိမ် ၂၄လုံး၊ ပြရွာမှ နေအိမ် ၁၀၆လုံးနှင့် စာသင်ကျောင်းဆောင် ၁ဆောင်၊ ကန်တောက်ကျောင်းရွာမှ နေအိမ် အလုံး ၂၀တို့ မီးလောင်ပြာကျခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက AA သိမ်းပိုက်ထိန်းချုပ်ထားသော သံတွဲနယ်ရှိ ယခင် စစ်တပ်၏ ခလရ ၅၅ စခန်းနေရာဟောင်းအနီးကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များ​ဖြင့် အပြင်းအထန် လေကြောင်းတိုက်ခိုက်၊ တစ်ချိန်တည်းတွင်ပင် ပင်လယ်ပြင်အတွင်းရှိ စစ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ရှောင်နေကြသော ကလေးငယ် ၂ဦးပါ မိသားစုဝင် ၄ဦး သေဆုံး၊ ကလေးငယ် ၂ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - မတ်လ ၁၈ရက်နေ့တွင် ပေါက်မြို့ပေါ်သို့ရောက်ရှိလာသော စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းမှာ ပေါက်မြို့မှတဆင့် မြို့နယ်တောင်ပိုင်းရှိ ပျူရွာများသို့ ကားအစီး ၃၀ကျော်ဖြင့် ထပ်မံထွက်ခွာလာပြီးနောက် လမ်းတလျောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ခွေးများက ပြည်သူများ ထွက်ပြေးနေကြရသော ကျေးရွာများမှ နေအိမ်များကို တစ်အိမ်တက်ဆင်း လိုက်လံဖောက်ထွင်းခိုးယူနေပြီး ခိုးယူထားသောပစ္စည်းများကို သပွတ်စုရွာ စာသင်ကျောင်းအတွင်း စုပုံထားကြောင်း၊ ထိုစစ်ကြောင်းကြောင့် ပေါက်နယ်တောင်ပိုင်းရှိ ရွာပေါင်း ၁၄ရွာမှ ပြည်သူ ၉၀၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ကျောက်ကြီးနယ် သာယာကုန်းရွာနှင့် ခြံကြီးရွာအကြားရှိ မီးရထားလမ်း ၁၄၆တံတားတွင် တပ်စွဲထားသော စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ အရာရှိတစ်ကောင်အပါအဝင် စစ်ခွေး ၅ကောင် သေဆုံး၊ သေနတ် ၆လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ၊ ထို့ပြင် စခန်းအတွင်းရှိ တဲ ၃လုံးကိုလည်း ရှင်းလင်းခဲ့ကြောင်း သိရ။ - သရက်ချောင်းနယ် ဂုံညှင်းဆိပ်ရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ စစ်ခွေးများက ဝင်းဝစခန်းဘက်သို့ ပတ်ထွက်လာပြီး ဝင်းဝတံတားအနီးတွင် ဓာတ်ပုံရိုက်၍ မြိတ်-ထားဝယ်လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်နေသော်လည်း မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့က ဝက်လက်နယ် မင်းကုန်းကြီးရွာကို စစ်တပ်က လေကြောင်းမှ နှစ်ကြိမ်တိုင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ် ၁၀လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက စလင်းနယ် လင်းဇင်းတိုက်နယ်ရဲစခန်းမှ ထွက်ခွာလာသော စစ်ခွေး ရဲခွေးများကို တော်လှန်ရေးအဖွဲ့များက တက်တူးတမံအနီးတွင် ကြားဖြတ်တိုက်ခိုက်၊ ရဲခွေး ၁ကောင် နေရာတွင်ပင်သေဆုံးပြီး စစ်ခွေး ၂ကောင် ဒဏ်ရာအပြင်းအထန်ရ၊ အဆိုပါစစ်ခွေး ၂ကောင်မှာလည်း စလင်းမြို့ ဆေးရုံတွင် ထပ်မံသေဆုံး၊ ၎င်းတို့ထံမှ လက်ပစ်ဗုံး ၂လုံးနှင့် ငွေသားအချို့၊ အခြား အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ပခုက္ကူနယ်၊ ငွေသောင်ရွာ စာသင်ကျောင်းအနီးတွင် ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ စစ်ခွေး ၅ကောင် ဒဏ်ရာရရှိခဲ့ပြီး စစ်ခွေးများ ချမ်းသာကြီးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရ။ #Thadinsubue #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
1
0
1
43
Crystalkeyl
Crystalkeyl@crystalkeyl¡
Daily Highlight 3 Mar 31 (10:00 PM)     ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - မြဝတီနယ် ၇ကြိမ် - ပေါက်နယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မင်းတပ်နယ် ၁ကြိမ် - ပုလဲနယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ဖောင်းပြင်နယ် ၂ကြိမ် - ဂန့်ဂေါနယ် ၂ကြိမ် - မြဝတီနယ်အတွင်း အခြားလေကြောင်းတိုက်ခိုက်မှု အများအပြား ကျန်ရှိနေသေးပြီး အတိအကျ ဖော်ပြနိုင်ခြင်းမရှိပါ။ - သရက်ချောင်းနယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ရှိပြီး အတိအကျဖော်ပြနိုင်ခြင်းမရှိပါ။ - ဘုရားသုံးဆူနယ်အတွင်း ဒရုန်းတိုက်ခိုက်မှုများရှိပြီး အတိအကျဖော်ပြနိုင်ခြင်းမရှိပါ။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue #WhatsHappeningInMyanmar
MY
0
0
0
26
Crystalkeyl
Crystalkeyl@crystalkeyl¡
အဆိုပါစစ်ကြောင်းကြောင့် ပခုက္ကူနယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၆၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ခွေးများမှာ အဆိုပါရွာများအတွင်း ဆက်လက် တပ်စွဲထားကြောင်း သိရ။ Daily Highlight 2 Mar 31 (10:00 PM) - ယမန်နေ့ ညဦးပိုင်းက မြိုင်မြို့ပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ စစ်ခွေး ၁ကောင်နှင့် ပျူခွေး ၁ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - မတ်လ ၂၄ ရက်နေ့က ဆင်ပေါင်ဝဲနယ်၊ ကိုးပင်-သာဂရလမ်းပိုင်းတစ်နေရာတွင် စစ်ခွေးများလိုက်ပါလာသော ကား ၁စီးကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ စစ်ခွေး ၄ကောင်သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ ကားလည်း မီးလောင်ပျက်စီးသွားကြောင်း သိရ။ - မတ်လ ၂၉ရက်နေ့နှင့် ယနေ့ ၃၁ရက်နေ့တို့တွင် စစ်တပ်က သရက်ချောင်းနယ်အတွင်းရှိ ဝဲရစ်ရွာ၊ သီကုန်းရွာ၊ သပြူချောင်းရွာနှင့် ဂုံညှင်းဆိပ်ရွာ အနီးတဝိုက်ကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ်များနှင့် စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက တနင်္သာရီနယ် ပဝပိန်းတောရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်၊ လူသူထိခိုက်မှုမရှိဘဲ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရ။ - မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စစ်ဆေးအရေးယူနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှင့် ပြင်သစ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့်ဥပဒေကို ပြင်သစ်အထက်လွှတ်တော်တွင် ယမန်နေ့က ပြင်ဆင်ချက်မရှိ၊ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ဘုရားသုံးဆူနယ် မောဖာထောရွာအနီးကို စစ်တပ်က ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ ပြည်သူ ၂ဦး သေဆုံးပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက မင်းတပ်မြို့ပေါ်သို့ စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - မတ်လ ၂၈ရက်နေ့ မနက်ပိုင်းက သရက်နယ်အခြေစိုက် ကပစ ၁၂မှ မင်းတုန်းနယ်ဘက်သို့ မောင်းနှင်လာသော စစ်ခွေးအင်အား ၄၀ခန့်ပါ ကား ၃စီးကို တော်လှန်ရေးအဖွဲ့များက သရက်-မင်းတုန်းလမ်းပိုင်း မြို့ဟောင်းရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေး ၃ကောင် သေဆုံးပြီး ၂ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယမန်နေ့ မနက်အစောပိုင်းက အထက်မင်းလှနယ် ဒဟတ်ပင်ရေနံမှော်တွင် တပ်စွဲထားသော စစ်ကြောင်းမှ စစ်ခွေး ၈၀ခန့်မှာ လင်းကယ်ရဲစခန်းဘက်သို့ ကား၊‌ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပေရင်းရွာနှင့် စမ်းအိုင်ရွာတို့ကို ဝင်ရောက်စီးနင်း၊ စစ်ခွေးများက ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို ခိုးယူလုယက်ပြီး အနီးဝန်းကျင်သို့ လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်၊ ထို့ပြင် စမ်းအိုင်ရွာ စာသင်ကျောင်းကိုလည်း ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စာသင်ဆောင် ၂ဆောင် ထိခိုက်ပျက်စီး၊ ထို့နောက် ညပိုင်းတွင် အဆိုပါစစ်ခွေးများ ဒဟတ်ပင်ရေနံမှော်ဘက်သို့ ပြန်လာစဉ် တော်လှန်ရေးအဖွဲ့များက လင်းကယ်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၁၁ကောင်သေဆုံးပြီး ၁၅ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးခဲ့ရကြောင်း သိရ။ - မြဝတီနယ်အတွင်း ထိုင်း-မြန်မာနယ်စပ်တွင် တစ်ခုတည်းသာ ကျန်ရှိတော့သော ဝေါလေဗျူဟာစခန်းကို တော်လှန်ရေးအဖွဲ့များက ယနေ့မနက်အစောပိုင်းမှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေ၊ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းမှ အပြင်းအထန်ဗုံးကြဲခုခံနေ၊ နှစ်ဖက်ထိခိုက်မှုများရှိပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း၊ အဆိုပါ ဝေါလေဗျူဟာကုန်းကို တော်လှန်ရေးအဖွဲ့များက ယမန်နှစ် ဇူလိုင်လမှ စတင်ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရ။ #Thadinsubue #WhatsHappeningInMyanmar
MY
2
0
1
40
Crystalkeyl
Crystalkeyl@crystalkeyl¡
Daily Highlight 1 Mar 31 (10:00 PM) - KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union - SCEF” ကို ဖွဲ့စည်းလိုက်ကြောင်း၊ ကောင်စီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်အဖြစ် တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တစ်ဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလအစီအမံများကို အတည်ပြုကာ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် အောင်မြင်စွာဖွဲ့စည်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ညှိနှိုင်းဦးဆောင်လမ်းညွှန်နိုင်ရန်အတွက် အဆိုပါကောင်စီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြား၊ ကောင်စီ၏ မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရန် ဖြစ်ကြောင်း၊ အဆိုပါရည်မှန်းချက်များ အမြန်ဆုံးအောင်မြင်ရန်အတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုဖြင့် ဦးဆောင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ကောင်စီ၏ နိုင်ငံရေးဦးတည် ချက် ၆ရပ်အဖြစ် စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင်အဆုံးသတ်ရန်၊  လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်​၊ ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့ဖြစ်ကြောင်း၊ ကောင်စီဝင်အဖွဲ့အစည်းများသည် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားအသိအမှတ်ပြုကာ “မူဝါဒတစ်ရပ်တည်း၊ မဟာဗျူဟာတစ်ရပ်တည်း - One Policy, One Strategy” ကို ကျင့်သုံးသွားမည်ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ဟန်ချက်ညီညီ ပူးတွဲဖော်ဆောင်ကာ ရည်မှန်းချက်ပန်းတိုင်သို့ မဟာမိတ်အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG အစိုးရက ယမန်​နေ့ ညပိုင်းက ထုတ်ပြန်လိုက်ကြောင်း သိရ။ - ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို အာမခံရန်၊ လူငယ်များကို အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းနှင့် စစ်မှုထမ်းစေခြင်းများ လုံးဝမပြုလုပ်ရန်၊ အရပ်သားများ ထိခိုက်စေမည့် စစ်ရေးဆောင်ရွက်ချက်များနှင့် ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်းများကို တိုက်ခိုက်ခြင်းများ ရှောင်ရှားရန်၊ CDM များအပေါ် အရေးယူမှုများ မလုပ်ရန်နှင့် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းခွင့်များကို မပိတ်ပင်ရန်၊ စစ်ဘေးသင့်ပြည်သူများအား ကုစားပေးရေးနှင့် လူသားချင်းစာနာမှုအကူအညီများအတွက် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်ပရောက် အင်အားစုများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မည့် အခင်းအကျင်းဖော်ဆောင်ရန် သက်ဆိုင်သူအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးပမ်းရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရန် အာဆီယံ၊ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့် အချက် ၉ချက်ကို နိုင်ငံရေးအကြပ်အတည်းများဖြေရှင်းနိုင်ရေးအတွက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် အခြား နိုင်ငံရေးအင်အားစုများ ပါဝင်ဖွဲ့စည်းထားသော ပြည်တွင်းနိုင်ငံရေးအင်အားစု PCBအဖွဲ့မှ တောင်းဆိုလိုက်ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းမှက ညောင်ဦးနယ်ဘက်မှ စစ်ခွေးများ ဧရာဝတီမြစ်ကိုဖြတ်ကူးလာပြီး ပခုက္ကူနယ် ချမ်းကြီးရွာနှင့် ငွေသောင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး ချမ်းကြီးရွာမှ နေအိမ်များကို ၃ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ #Thadinsubue #WhatsHappeningInMyanmar
Crystalkeyl tweet media
1
0
1
63
Crystalkeyl
Crystalkeyl@crystalkeyl¡
Daily Highlight 1 Mar 30 (10:30 PM) - မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းက မြဝတီနယ် ဖလူးကြီးရွာကို စစ်တပ်က ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကြဲချတိုက်ခိုက်၊ အရပ်သားနေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီးသွားကြောင်း သိရ။ - ယမန်နေ့ ညနေပိုင်းက ပလက်ဝနယ် ကြောင်ချောင်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ ၁၆နှစ်အောက် ကလေး ၄ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံး၊ ကလေးငယ် ၂ဦးအပါအဝင် ၄ဦး ဒဏ်ရာရ၊ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း AA ၏ သတင်းထုတ်ပြန်ချက်များအရ သိရ။ - ယမန်နေ့ ညနေပိုင်းက သရက်ချောင်းနယ် သပြူချောင်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း ကျေးရွာမူလတန်းစာသင်ကျောင်း ထိခိုက်ပျက်စီးသွားကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက အရာတော်မြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းက ကမ်းပြူရွာနှင့် မနောယမရွာကို ဝင်ရောက်စီးနင်း၊ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ကမ်းပြူရွာမှ အမျိုးသား ၁ဦး ကျည်ထိမှန်သေဆုံးသွားကြောင်း သိရ။ - မတ်လ ၂၉ရက်နေ့ မနက်ပိုင်းက ကျောက်ပန်းတောင်းနယ် စိတ္ထိန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူ ၆ဦးကိုလည်း လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ဘုတလင်နယ် ငပယင်းရွာ ဆေးပေးခန်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ဆေးကုသမှုခံယူနေသူ ၃ဦးထက်မနည်း သေဆုံးပြီး ၇ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စီပါရွာကိုလည်း လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ကော့ကရိတ်နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး သာယာကုန်းရွာအတွင်းမှ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် တမိုင်ကုန်းရွာနှင့် မောင်းမရွာသစ်ဘက်မှ နေအိမ်များကိုလည်း ဝင်ရောက်ဖျက်ဆီးလျက်ရှိကြောင်း၊ ကော့ကရိတ်နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးရန်ကြိုးပမ်းခဲ့သော စစ်ခွေးများမှာမူ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီး အင်အားစုဖွဲ့မှုများ ပြန်လည်လုပ်ဆောင်နေကြောင်း သိရ။ - ယနေ့ ညနေပိုင်းက အရာတော်နယ် မြောက်ဘက်ပိုင်းရှိ အုပ်ရှစ်ကုန်းရွာ ဆေးခန်းကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရ၊ ဆေးခန်းအဆောင်များ ထိခိုက်ပျက်စီး၊ ဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာပြင်းထန်သူများပါဝင်နေသဖြင့် သေဆုံးသူအရေအတွက် ပိုမိုများပြားလာဖွယ်ရှိကြောင်း၊ ထို့ပြင် ယနေ့ နေ့လယ်ပိုင်းကလည်း အရာတော်နယ် မင်းရွာအနီးရှိ တောတဲတိုက်များက လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူသူထိခိုက်မှု မရှိသော်လည်း တဲများ ပျက်စီးသွားကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ရမည်းသင်းနယ် ကျော်ကြားရွာ၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃အနီးတွင် ကင်းလှည့်လာသော ရဲကား ၄စီးကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ ရဲခွေး ၁၀ကောင် သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရ။ Daily Highlight 2 Mar 30 (10:30 PM)     ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဖြူးနယ် ၂ကြိမ် - ကန့်ဘလူနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - အရာတော်နယ် ၃ကြိမ် - ဘုတလင်နယ် ၃ကြိမ် ဝက်လက်နယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ကော့ကရိတ်နယ်အတွင်း Drone ဖြင့် လေကြောင်းတိုက်ခိုက်မှုများရှိပြီး အတိအကျဖော်ပြနိုင်ခြင်း မရှိပါ။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
0
1
1
30
Crystalkeyl
Crystalkeyl@crystalkeyl¡
UPDATES ======= 1300 UTC (မြန်မာချိန် ၁၉၃၀ နာရီ - ည ၇ နာရီခွဲ)နှင့် 1400 UTC (မြန်မာအချိန် ၂၀၃၀ နာရီ - ည ၈ နာရီခွဲ) #WhatsHappeningInMyanmar
Crystalkeyl tweet mediaCrystalkeyl tweet media
MY
0
0
2
27
Crystalkeyl
Crystalkeyl@crystalkeyl¡
မြေလတ်အသံသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာငယ်တစ်ခုဖြစ်သော ကဇွန်းထောင့်ရွာသို့ မြန်မာလေတပ် (MAF) မှ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချ ခဲ့သည်ဟု သိရှိရပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းအရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ ထို့အပြင် ဗုံးပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး နွားနှင့် ဝက်များအပါအဝင် တိရစ္ဆာန်အများအပြားလည်း သေဆုံးခဲ့သည်ဟု ဆိုပါတယ်။ Myanmar Witness အဖွဲ့သည် လူမှုကွန်ရက်ပေါ်ရှိ ဓာတ်ပုံများမှ ထင်ရှားသောအမှတ်အသားများကို Google Earth ရှိ ဂြိုဟ်တုဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် ဗုံးကြဲခံရသည်ဆိုသော ကဇွန်းထောင့်ရွာ၏ တည်နေရာကို နေရာအတည်ပြုသတ်မှတ်ခဲ့ပါတယ်။ ထို့အပြင် FIRMS (NASA ၏ အပူလှိုင်းတိုင်းတာသည့်စနစ်) အချက်အလက်များအရလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေ့တွင် ၎င်းကျေးရွာအတွင်း မီးလောင်ကျွမ်းမှုရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
0
0
1
33
Crystalkeyl
Crystalkeyl@crystalkeyl¡
စစ်ကောင်စီက ဗဟိုဘဏ်မှ ဘဏ်တွေအကုန်လုံးကို အစည်းအဝေးခေါ်ပြီး နှစ်သောင်းတန်ငွေစက္ကူတွေကို စတင်ဖြန့်ချီဖို့အမိန့်ပေး 🟥ရွှေဆိုင်တွေနဲ့ ကုန်သည်တွေကိုလည်း ကုန်စျေးနှုန်းမတက်ဖို့အတွက် ခေါ်ယူပြောဆို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ ပြည်တွင်းဘဏ်တွေအားလုံးကို အစည်းအဝေးခေါ်ပြီးနောက် နှစ်သောင်းတန်ငွေစက္ကူတွေကို စတင်ဖြန့်ချီစေတဲ့အပြင် ရွှေဆိုင်တွေနဲ့ ကုန်သည်တွေကိုလည်း စျေးနှုန်းမတက်စေရေးအတွက် ခေါ်ယူပြောဆိုမှုတွေရှိတယ်လို့ ဘဏ်နဲ့နီးစပ်သူသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ဧပြီလ၁ရက်နေ့ ဒီနေ့မှာ စစ်ခေါင်းဆောင်တွေရဲ့အမိန့်ဖြင့် ဗဟိုဘဏ်က ကျန်ဘဏ်တွေအားလုံးကို အစည်းအဝေးခေါ်ပြီးနောက် စျေးကွက် အတွင်း ကျပ်နှစ်သောင်းတန်တွေကို စတင်ဖြန့်ဖြူးဖို့အတွက် အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အများပြည်သူတွေအနေနဲ့ ဘဏ်တွေမှာ ပိုက်ဆံအဟောင်းတွေကိုလာရောက်လဲလှယ်ရာမှာလည်း အခမဲ့လဲလှယ်ပေးရမယ်ဖြစ်ပြီး လာလဲလှယ်တဲ့ပမာဏအလိုက် ကျပ်နှစ်သောင်းတန်တွေကို ထည့်သွင်းပေးရမယ်လို့ ညွှန်ကြားလိုက်ကြောင်း ဘဏ်နဲ့နီးစပ်သူတစ်ဦးက BBM ကိုအတည်ပြုပြောဆိုပါတယ်။ "နှစ်သောင်းတန်တွေကို ဒီနေ့စဖြန့်ခိုင်းပါတယ်၊ ဘဏ်တွေအကုန်အစည်းအဝေးခေါ်ပြီး မဖြစ်ဖြန့်ရမယ်ဆိုပြီး အမိန့်ပေးထားတယ်၊ ငွေလာလဲရင်လည်း နှစ်သောင်းတန်တွေကို မဖြစ်မနေထည့်လဲပေးဖို့လည်း ပြောထားတယ်" ဒါပေမဲ့ စျေးကွက်အတွင်း ကျပ်နှစ်သောင်းတန်များ စတင်ရောက်ရှိပါက ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုတွေဖြစ်ပွါးမှာကို စစ်ခေါင်းဆောင်တွေအနေနဲ့ စိုးရိမ်မှုရှိနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်ပဲ ဘဏ်လုပ်ငန်းရှင်တွေနည်းတူ ကုန်သည်တွေ၊ ရွှေလုပ်ငန်းရှင်တွေကိုလည်း စစ်ကောင်စီဘက်က ခေါ်တွေ့ပြီး ကုန်စျေးနှုန်းမမြှင့်ဖို့အတွက် ခေါ်ယူသတိပေးခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ "ရွှေလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေကိုလည်း ခေါ်တွေ့တယ်လို့ပြောတယ်၊ ဒီနေ့ပဲ အဓိက ကတော့ စျေးကွက်ထဲ နှစ်သောင်းတန်တွေ စဖြန့်တာနဲ့ ကုန်စျေးနှုန်းမတက်အောင် ခေါ်သတိပေးတာမျိုးပေါ့" အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာကအရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာကြောင့် အခုကဲ့သို့ငွေစက္ကူတွေကို ဥပဒေမဲ့ရိုက်ထုတ်ခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေရှိနေကြပြီး ပြည်သူတွေအနေနဲ့လည်း နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေဆိုးဝါးလာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။ #WhatsHappeningInMyanmar
Crystalkeyl tweet mediaCrystalkeyl tweet mediaCrystalkeyl tweet mediaCrystalkeyl tweet media
MY
1
2
11
499
Crystalkeyl
Crystalkeyl@crystalkeyl¡
"Asylum တင်တာတွေ.. ပြန်စစစ်ဆေးပေးနေ" ထရမ့်အစိုးရက Asylum သမားတွေအပေါ် .. စစ်ဆေးမှုမလုပ်.. ဘာမှမလုပ်ပဲ.. ပစ်ထားတာတွေကို.. နည်းနည်းပြန်ဖွင့်.. စစစ်နေပြီလို့ဆိုပါတယ်..။ ပြီးခဲ့တဲ့နှစ် ... နိုဝင်ဘာလတုန်းက ဝါရှင်တန်ဒီစီမှာ ပြည်စောင့်တပ်စစ်သည် နှစ်ယောက်ကို.. အပစ်ခံရတဲ့ ကိစ္စအကြောင်းပြ.. အမေရိကားမှာ ခိုလှုံခွင့်လျှောက်ထားတာတွေ အကုန်လုံးအကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့တာပါ ..။ အခုတော့ အဲ့ဒီ "Pause" လုပ်ထားတဲ့.. လူ၄သန်းစာကို ပြန်ဖွင့်ပေးတော့မယ်လို့ သတင်းထွက်လာတယ်..၊ အားလုံးတော့မဟုတ်သေး..၊ အမေရိကားကစိတ်ချရတယ်ဆိုတဲ့.. "အန္တရာယ်မရှိတဲ့" နိုင်ငံကလူတွေပဲပြန်စစ်မှာတဲ့..။ ဆိုတော့.. ထရမ့်ကြီးရဲ့ "Travel Ban" စာရင်းထဲမှာ ပါနေတဲ့ နိုင်ငံ ၃၉ နိုင်ငံက လူတွေကတော့.. ဆက်ပြီး ဂန့်နေဦးမှာတဲ့.. ။ အဲ့ဒီစာရင်းထဲမှာ အာဖဂန်နစ္စတန်..၊ ဗင်နီဇွဲလား..၊ ကျူးဘား..၊ ဟေတီ နဲ့ မြန်မာတို့လို နိုင်ငံတွေ ပါပါတယ်..။ အဲ့ဒီနိုင်ငံတွေက မဟုတ်တဲ့ "အန္တရာယ်မရှိတဲ့" နိုင်ငံတွေက ပြောင်းခိုသူတွေကိုတော့ ပြန်ပြီး စိစစ်ပေးတော့မယ်လို့ ဆိုတယ်..။ ခရစ်စတီနုမ်ပြုတ်ပြီး... အဲ.. ဖြုတ်ပြီး.. မတ်ဝိန်း မူလင်ဆိုတဲ့.. MMA ဖိုက်တာဟောင်းဝန်ကြီးသစ်ရထားတဲ့.. DHS ကတော့.. အန္တရာယ်ရှိနိုင်တဲ့ "High-risk" သမားတွေကို ပိုပြီး သေချာ စိစစ်နိုင်အောင် အင်အားစုစည်းချင်လို့ ခုလို လုပ်တာပါလို့ ပြောထားတယ်..။ မြန်မာတွေအတွက်.. မျှော်လင့်ချက်တွေ.. ဝေးဆဲပါ..။ နည်းနည်းတော့.. အလင်းရောင်လေးမြင်ရတယ်.. ဆိုချင်ဆို..။
Crystalkeyl tweet mediaCrystalkeyl tweet mediaCrystalkeyl tweet media
MY
0
0
6
256
Crystalkeyl
Crystalkeyl@crystalkeyl¡
DAILY UPDATE 1/4/26 DAY 1886 7,960 killed (+0) 30,742 total arrested (+27) 14,369 still detained (verified) (-23) #WhatsHappeningInMyanmar
Crystalkeyl tweet media
English
0
3
3
61
Crystalkeyl
Crystalkeyl@crystalkeyl¡
#စင်ကာပူFortcaningParkမှာသင်းကြန်ပွဲလုပ်ခွင့်မ​ပေးပါ လက်မှတ် ​ရောင်းပြီး ၁၂ ဧပြီ ​နေ့ Fort #CaningParkမှာသင်းကြန်ပွဲလုပ်ခွင့်မ​ပေးပါလို့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်ကပြန်ကြား။ လက်မှတ် ဖိုး ပြန်​တောင်းကြ​ပေ​တော့ #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
0
2
6
122
Crystalkeyl
Crystalkeyl@crystalkeyl¡
အမှန်တကယ်လည်း အဲ့ဒီလို တောင်းပန်နေကြပေမယ့် လူသိရှင်ကြားမှာတော့ ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို 'လေ့လာနေတုန်းပဲ' လို့ ပြောဆိုနေကြတယ်" ဟု ရေးသားခဲ့သည်။ တကယ်တမ်း တွင် အမေရိကန်၏ ငြိမ်းချမ်းရေး အဆိုပြုချက်များအပေါ် တုံ့ပြန်ရန်နှင့် ဆုံးဖြတ်ချက်ချမှတ်ရန် လက်ရှိ အီရန်အစိုးရတွင် ပေါင်းစပ်ညှိနှိုင်းနိုင်စွမ်း မရှိတော့ခြင်းကို ထင်ဟပ်နေခြင်းသာ ဖြစ်သည်။ ထရမ့်က အကယ်၍ သဘောတူညီချက်တစ်ခုကို မကြာမီ မရရှိခဲ့ဘဲ ဟော်မုဇ် ရေလက်ကြား သာ ဆက်လက် ပိတ်ဆို့နေပါက အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ရေနံတွင်းများနှင့် ပင်လယ်ရေချိုထုတ်စက်ရုံများကို တိုက်ခိုက်သွားမည်ဟု ထပ်မံ ခြိမ်းခြောက်ထားသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီ က ပါကစ္စတန်အပါအဝင် ကြားခံနိုင်ငံများမှတစ်ဆင့် အမေရိကန်နှင့် ဆွေးနွေးရန် အဆိုပြုချက်များကို လက်ခံရရှိထားကြောင်း တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။ ဘာဂါယီက ၎င်း၏ လူမှုမီဒီယာပို့စ်တစ်ခုတွင် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ခဲ့ပြီးကတည်းက အီရန်သည် အမေရိကန်နှင့် မည်သည့်ညှိနှိုင်းဆွေးနွေးမှုမျှ မပြုလုပ်ခဲ့ကြောင်းနှင့် စစ်ရေးအရ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသရွေ့လည်း ဆွေးနွေးမည်မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ (၂၀၂၆ မတ် ၃၁ နယူးယောက်တိုင်းမ် သတင်းစာပါ Iran’s fractured leadership is struggling to coordinate, officials say ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်) #WhatsHappeningInMyanmar #HlaSoeWai ✍️✍️
MY
0
0
2
50
Crystalkeyl
Crystalkeyl@crystalkeyl¡
တဦးနှင့်တဦး စကား မပြောရဲ အောင် ဖြစ်လာနေသော အီရန် ‌ခေါင်းဆောင်ပိုင်း ************ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် အီရန်အစိုးရအတွင်း အက်ကြောင်းများ ထင်လာပြီး၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် အကြီးစား လက်တုံ့ပြန် တိုက်ခိုက်မှုများကို ညှိနှိုင်းဆုံးဖြတ် ရန် ခက်ခဲလာကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ထောက်လှမ်းရေး သတင်းများအရ သိရသည်ဟု နယူးယောက် တိုင်းမ် တွင် ရေးသားထားသည်။ လွန်ခဲ့သည့် လေးပတ်ခန့် စစ်ပွဲစတင်ခဲ့ချိန်မှစ၍ အီရန်ခေါင်းဆောင်များနှင့် ၎င်းတို့၏ လက်ထောက် အရေအတွက် အတော်များများ ဒါဇင်နှင့်ချီ၍ အသတ်ခံခဲ့ရသည်။ အသက်ဘေးမှ လွတ်မြောက်နေသူများသည်လည်း ၎င်းတို့၏ ဖုန်းပြောဆိုမှုများကို အမေရိကန် သို့မဟုတ် အစ္စရေးတို့က ကြားဖြတ် နားထောင်ပြီး လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် လူချင်းတွေ့ဆုံရန် မဖြစ်နိုင်သကဲ့သို့ ဆက်သွယ်ရန်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ထရမ့်အစိုးရက အီရန်နိုင်ငံတွင် အစိုးရသစ်တစ်ရပ်က တာဝန်ယူ အုပ်ချုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သဘောတူညီချက်အသစ်တစ်ခုကို အမြန်ဆုံးပြုလုပ်ရန် ဖိအားပေးလျက်ရှိသည်။ သို့သော် အီရန်အစိုးရ၏ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း ပိုမိုအားနည်းလာလေလေ၊ အမေရိကန် သံတမန်များနှင့် ညှိနှိုင်းဆွေးနွေးရန် သို့မဟုတ် သိသာထင်ရှားသော လိုက်လျောမှုများ ပြုလုပ်ရန် ပိုမိုခက်ခဲလာလေလေ ဖြစ်လိမ့်မည်။ ခေါင်းဆောင်ပိုင်း တွင် တ‌ဗိုလ်ကျ တဗိုလ်တက် ဖြစ်နေခြင်းကြောင့် အီရန် ညှိနှိုင်းရေးမှူးများအနေဖြင့် ၎င်းတို့အစိုးရက မည်သည့်အချက်များကို လိုက်လျောရန် ဆန္ဒရှိသည်၊ သို့မဟုတ် မည်သူ့ထံတွင် တိတိကျကျ မေးမြန်းရမည်ကိုပင် မသိ ဖြစ်နေကြသည်။ ထို့အပြင် အီရန်နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) အတွင်းရှိ သဘောထားတင်းမာသူများသည် ယခင်ကထက် ပိုမိုဩဇာညောင်းလာပြီး၊ အမည်ခံအာဏာရထားသည့် ဘာသာရေးခေါင်းဆောင်များထက်ပင် ပို၍ ဩဇာ ညောင်းလာကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် တစ်စုံတစ်ဦး ပေါ်ထွက်လာမည်လား၊ ထိုသူက အခြားတာဝန်ရှိသူများကို သဘောတူလက်ခံရန် ဖျောင်းဖျနိုင်ပါ့မလား ဆိုသည်မှာ မရေမရာ ဖြစ်နေဆဲပင်။ အီရန်နိုင်ငံသည် စစ်ပွဲကြောင့် စီးပွားရေးအရ အကြီးအကျယ် ထိခိုက် မလာမချင်း သဘောတူညီချက် တစုံတရာ ပြုလုပ်လိမ့်မည် မဟုတ်ဟု အမေရိကန် အစိုးရ အရာရှိဟောင်းများက ဆိုကြသည်။ လက်ရှိတွင် ထိခိုက်ပျက်စီးမှုများမှာ ပြင်းထန်နေသော်လည်း အီရန်ဘက်ကမူ ၎င်းတို့ ရှုံးနိမ့်နေပြီဟု မယူဆသေးဟု သိရသည်။ တနင်္လာနေ့တွင် ထရမ့်က သဘောတူညီချက်တခု အမြန်ဆုံး မရရှိပါက စစ်ပွဲကို ချဲ့ထွင်သွားမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ပြီး၊ အီရန်နိုင်ငံ၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်း ကို အမေရိကန်တပ်ဖွဲ့များက သိမ်းပိုက်ရန် ကြိုးပမ်းနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။ ယခုအခါ အမေရိကန် နှင့် အစ္စရေးတို့ တိုက်ခိုက် မှု ကြောင့် အီရန်၏ လုံခြုံရေး၊ စစ်ဘက်နှင့် အရပ်ဘက် မူဝါဒချမှတ်သူများအကြား ဆက်သွယ်မှုလမ်းကြောင်း အများအပြား ပြတ်တောက်နေသည်။ အီရန်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစနစ် (Command and Control) မှာ အကြီးအကျယ် ပျက်စီးအားနည်းသွားပြီ ဖြစ်သော်လည်း အီရန်သည် စစ်မဖြစ်ပွားမီကတည်းက ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ထိန်းချုပ်မှုစနစ် (Decentralized Control System) ကို တည်ဆောက်ထားခဲ့ကြောင်း၊ ထို့ကြောင့် တီဟီရန်မြို့တော်ရှိ ဗဟိုဌာနချုပ်မှ နေ့စဉ်တိုက်ရိုက် အမိန့်ပေးချက်များ မရရှိသည့်တိုင်အောင် ဒေသအသီးသီးရှိ ဒေသခံတပ်မှူးများအနေဖြင့် မိမိတို့ဘာသာ တိုက်ခိုက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကြောင်း အမေရိကန် စစ်ဖက် နှင့် ထောက်လှမ်းရေး အရာရှိကြီးတဦးက ပြောဆိုခဲ့သည်။ အီရန်ခေါင်းဆောင်ပိုင်း အကြီးအကျယ် ချေမှုန်းခံထားရခြင်းကြောင့် ခုခံကာကွယ်ရေးစနစ်များကို အလွယ်တကူ ကျော်လွှားနိုင်မည့် ပိုမို အင်အား ကြီးမားသော ဒုံးကျည်များ အစုလိုက် အပြုံလိုက် ပစ်ခတ်မှုများကို အီရန်ဘက်က မလုပ်ဆောင်နိုင်တော့ကြောင်း အမေရိကန် အရာရှိဟောင်းများက ပြောကြားခဲ့သည်။ ယင်းအစား ဒေသအသီးသီးရှိ စစ်ဌာနချုပ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ညှိနှိုင်းမှု မရှိဘဲ မိမိတို့ဘာသာသာ ပြန်လည်တုံ့ပြန် တိုက်ခိုက်မှုများကို စုစည်းလုပ်ဆောင်နေရသည်ဟု ဆိုသည်။ စစ်ပွဲ ကို ရပ်ချင်လာ‌ သော ထရမ့်လည်း ခေါင်းစားလာနေပြီ ဖြစ်သည်။ အီရန် ညှိနှိုင်းရေးမှူးတွေဟာ အမျိုးမျိုး ကွဲပြားပြီး 'ထူးဆန်း' ကြတယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် လူမှုမီဒီယာ၌ ရေးသားခဲ့သည်။ "သူတို့ အနေနဲ့ စစ်ရေးအရ အပြတ်အသတ် ချေမှုန်းခံထားရပြီး ပြန်လည် နာလန်ထူနိုင်စွမ်း လုံးဝ မရှိတော့တဲ့အတွက် ကျွန်တော်တို့နဲ့ သဘောတူညီချက်ရဖို့ 'တောင်းပန်' နေကြရမှာပါ။ #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
1
4
16
604
Crystalkeyl
Crystalkeyl@crystalkeyl¡
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ် ပြည်ပကနေခွင့်ပြန်လာတဲ့ လုပ်သား တွေ အပေါ် စစ်ကော်မရှင်က မူဝါဒ မျိုးစုံ ချမှတ်ပြီး လုပ်သား များ ပြန်လည်ထွက်ခွာ မှုကို ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လာတယ်လို့ ခွင့်ပြန် လုပ်သားတွေ ထံမှ သိရပါတယ်။ ယခင်က PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ လုပ်သားတွေမှာ OWIC ကတ် ရှိပါက မြန်မာနိုင်ငံသို့ အချိန်မရွေး ဝင်ထွက် ခွင့်ရနေရာမှ ပြည်ပပြန်ထွက်ခွင့် ကို email ဖြင့် လျှောက်ထားပြီး မှ ထွက်ခွင့်ပြုမယ်လို့စစ်ကော်မရှင် ဘက်မှ စတင် သတ်မှတ်လာပါတယ်။ ထပ်မံ ပြီး ပြည်ပထွက်ခွင့်ကို email ကတစ်ဆင့် ပို့လို့မရတော့ဘဲ နေပြည်တော်ရှိ အလုပ်သမားရုံးကို စာတိုက်ကတစ်ဆင့်လျှောက်ထားဖို့ ညွှန်ကြားလာသလိုပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံ ကတ်ပြား(OWIC)တွင် ပါရှိတဲ့ နိုင်ငံ ၊လုပ်ငန်းနေရာ ၊အလုပ်ရှင် နဲ့ လက်ရှိ လုပ်နေတဲ့ နိုင်ငံ၊လုပ်ငန်းနေရာ၊အလုပ်ရှင် တို့ မတူပါကလည်း ထွက်ခွာခွင်မပေးဘူးလို့ သိရပါတယ်။ ""အခုလ ၂၆ ရက် နောက်ပိုင်းကစပြီး PJ ပတ်စပို့ ၊ Owic card ရှိလဲ မိမိ လုပ်ထားတဲ့ Owic card ထဲမှာပါတဲ့ နိုင်ငံနဲ့ အလုပ်ရှင် အမည်နဲ့ အလုပ် ဝေါ့ပါမစ်အကုန်ကွက်တိ အမည် ထပ်တူမှန်ကန်နေမှ ပြည်ပထွက်ခွင့် ချပေးတယ် အဲ့ အချက်အလက် တွေ မတူ လို့ ပြန်ထွက်ခွင့်မရ တဲ့ သူတွေ အတော်လေး များတယ် အကုန်ခက်ခဲ ကုန်တာပေါ့ တကယ်ဆို အကြောင်းအမျိုးမျိုးနဲ့ အလုပ်သမားက အလုပ်ပြောင်းခဲ့ရင် owicကတ်ပါ ချိန်းဖို့ ကို သံရုံး တွေမှာ လုပ်ခွင့်ပေးထား ကြိုတင် အသိပေးကြေညာထားလေ အခု ခွင့်နဲ့ ပြန်လာ တဲ့ လ ပိုင်း လေးကျမှ OWIC ကတ်မှာပါတဲ့ အလုပ်နဲ့ အခု လုပ်နေတာ မတူလို့ ထွက်ခွင့်မပေးဘူး ဆိုတာမျိုးက ပြည်ပ ပြန်ထွက်လို့မရအောင် သက်သက် လုပ်တာလို့ မြင်တယ်""လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စာရွက်စာတမ်း အထောက်အထားအချက်အလက် စုံလင်ပေမယ့် တစ်ဖက်နိုင်ငံရှိ လုပ်ငန်းရှင်သို့မဟုတ် HR တို့ကို အလုပ်သမားဝန်ကြီးဌာနက ဖုန်းဖြင့် ဆက်သွယ်ပြီး ၎င်းအလုပ်ရှင်သို့မဟုတ် HR ရဲ့ မှန်ကန်ကြောင်း ပြောကြားမှ ပြည်ပ ပြန်လည်ထွက်ခွင့်ပြု သဖြင့် အလုပ်ရှင်နဲ့ အဆက်သွယ်မရလို့ဆိုကာ ပြည်ပ ထွက်ခွင့် ပြန်လည်တင်ပြရတဲ့ ခွင့်ပြန် လုပ်သား များလည်း ရှိတယ်လို့ သိရပါတယ်။ ""စာရွက်စာတမ်း စုံတော့လည်း သူဌေး တို့ HRက လူတွေကို ဖုန်းဆက်မရလို့ဆိုပြီး ထွက်ခွင့်မပေးဘူး ကိုယ်တွေမှာ ပြန်တင်ရတယ် စက်ရုံက မန်နေဂျာ ကိုလည်း ဖုန်းခေါ်ရင် ဖုန်းလေးကိုင်ပေးဖို့ တောင်းပန်ထားရတယ် ကိုယ့်နိုင်ငံ မိသားစု ကို သတိရလို့ ခွင့်ယူပြီး ပြန်လာတာ မိသားစု ဘေး အေးဆေးမနေရဘူး ပြန်ထွက်ခွင့်မရ မှာ စိုးလို့ လိုက်လုပ် နေရတာ အတော်လေးသောကရောက်ရတယ်""လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။ အခုလို စစ်ကော်မရှင် ဘက်မှ အမျိုးမျိုး တင်းကြပ် တာခံရတဲ့ ခွင့်ပြန် လုပ်သား တွေ အပေါ်မသမာသူအချို့က ပြည်ပထွက်ခွင့် အတွက် ငွေကြေးလိမ်လည်တာတွေရှိသလို ၊ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဘက်မှ လည်း ငွေကြေးတောင်းပြီး ခွင့်ပြုပေးတာတွေ လည်းရှိနေတယ်လို့ သိရပါတယ်။ #WhatsHappeningInMyanmar #MyanmarLabourNews
Crystalkeyl tweet media
MY
0
2
12
320
Crystalkeyl
Crystalkeyl@crystalkeyl¡
နိဂုံး အချုပ်အားဖြင့်ဆိုသော် ယခုအခါ စစ်တပ်အစုအဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ဒုတိယသမ္မတအဖြစ် အဆိုပြုလိုက်ပြီဖြစ်ရာ ၎င်းသည် စစ်ကောင်စီ၏ စီးပွားရေးနှင့် နိုင်ငံရေး ယန္တရားနှစ်ခုလုံးကို ချုပ်ကိုင် မည့်သူ ဖြစ်လာနိုင်ခြေရှိသည်။ သို့သော် သူ၏ အာဏာစက်ကို မည်သည့်အရာများဖြင့် တည်ဆောက်ထားသနည်းဆိုသည်ကိုမူ နောက်ကွယ်ရှိ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ အဂတိဗွက်ကျင်းများနှင့် လူမသိသူမသိ လုပ်ဆောင်ခဲ့သော အပေးအယူ ရာဇဝတ်မှုများက ထင်ရှားစွာ သက်သေပြ၊ မီးမောင်းထိုးပြလျက်ရှိပါသည်။ #aamij #WhatsHappeningInMyanmar #ညိုစော
MY
0
0
2
73
Crystalkeyl
Crystalkeyl@crystalkeyl¡
အာဏာရှင်နှစ်ဆက်၏ လူယုံတော်၊ ဒုသမ္မတလောင်း ညိုစော နောက်ကွယ်မှ အမှောင်ရိပ်များ (အဂတိ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အာဏာစက်) ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ဒုတိယသမ္မတအဖြစ် တရားဝင် အဆိုပြုလိုက်ပြီဖြစ်သည်။ စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ မြေတောင်မြှောက်ပေးမှုဖြင့် နေရာရလာခဲ့ပြီး၊ ယခုအခါ မင်းအောင်လှိုင်၏ ယုံကြည်ရဆုံး စီးပွားရေးနှင့် နိုင်ငံရေးလက်ရုံး ဖြစ်လာသူ ညိုစော၏ ရာထူးတက်လမ်းနောက်ကွယ်တွင် ဆိုးရွားလှသော အဂတိလိုက်စားမှုများ၊ ကိုယ်ကျင့်တရားပျက်ယွင်းမှုများနှင့် ဖုံးကွယ်ထားသော ရာဇဝတ်မှုများစွာ ရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ဖွင့်ဟလာကြသည်။ စီးပွားရေးနှင့် အာဏာကို လက်ဝါးကြီးအုပ်ထားသူ စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်း ညိုစောသည် သန်းရွှေလက်ထက်ကတည်းက မျက်နှာရခဲ့သည့် တပည့်ရင်းဖြစ်ပြီး ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစု၏ စီးပွားရေးလုပ်ငန်းများကိုပါ ကိုင်တွယ်ပေးနေရသူဖြစ်သည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အင်းဝဘဏ်တို့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့်အပြင်၊ စစ်ထောက်ချုပ်ဘဝကတည်းက "အထက်ရော အောက်ပါ ဝေစားမျှစားလုပ်တတ်သူ" အဖြစ် နာမည်ကြီးခဲ့သည်။ လက်ရှိတွင် ၎င်း၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို သမီးဖြစ်သူ သန့်ညိုစောနှင့် သမက်ဖြစ်သူ ဒေါက်တာဇွဲမာန်အောင်တို့က ရှေ့ထွက် ဦးစီးလုပ်ကိုင်နေကြသည်။ စီးပွားရေးပွဲစားအဖြစ် အသွင်ယူထားသည့် လျှို့ဝှက်ဆက်ဆံရေး ညိုစောသည် တရားဝင်ဇနီးဖြစ်သူနှင့် ကွဲကွာနေပြီဖြစ်ကာ စစ်တပ်ထောက်ခံသူ အမျိုးသမီးတစ်ဦးနှင့် လျှို့ဝှက် ပေါင်းသင်းနေကြောင်း နီးစပ်သူများက ဆိုသည်။ ၎င်းတို့နှစ်ဦးကြားတွင် ရရှိထားသော ကလေးကိုပင် လူမြင်ကွင်း၌ အဆိုပါအမျိုးသမီး၏ "တူ" အဖြစ် ဟန်ဆောင်ဖုံးကွယ်ထားသည်။ ထူးခြားသည်မှာ ယင်းအမျိုးသမီးသည် ညိုစောထံသို့ စီးပွားရေးလုပ်ငန်းရှင်များ ချဉ်းကပ်ရာတွင် အဓိက ကြားခံပွဲစားကြီးအဖြစ် ရပ်တည်နေခြင်းပင်ဖြစ်သည်။ ညိုစောနှင့် တွေ့ဆုံခွင့်ရရန်အတွက်ပင် သိန်းသောင်းဂဏန်းအထိ ပေါက်ဈေးရှိနေပြီး လုပ်ငန်းရှင်များအနေဖြင့် ထိုအမျိုးသမီးမှတစ်ဆင့်သာ ဝင်ထွက်ချဉ်းကပ်နေကြရသည်။ မင်းအောင်လှိုင်မိသားစု၏ စီးပွားရေးကိုပါ ကိုင်တွယ်နေရသဖြင့် စီးပွားရေးလောကတွင် ညိုစော၏ ဩဇာမှာ အလွန်ကြီးမားလှသည်။ ငွေလမ်းနှင့် လူလမ်း - ဦးပိုင်ခေတ်ကတည်းက အမြစ်တွယ်နေသည့် အဂတိ ညိုစော၏ လာဘ်စားမှုပုံစံမှာ သာမန် ငွေကြေးလာဘ်ပေးလာဘ်ယူမှုအဆင့်ထက် များစွာ ကျော်လွန်နေသည်။ မြန်မာ့စီးပွားရေးဦးပိုင် (MEC) ကို ဦးဆောင်ခဲ့စဉ်ကတည်းက လုပ်ငန်းလုပ်ပိုင်ခွင့် လိုချင်သူများသည် ငွေကြေးသာမက အမျိုးသမီးများကိုပါ လာဘ်ထိုးရသည့် "လူလမ်းခင်း" မှုများ ပြုလုပ်ခဲ့ရကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ကောင်းကောင်း သိထားကြသည်။ တိုင်းပြည်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ၎င်း၏ ကိုယ်ပိုင် တဏှာရာဂ အလိုဆန္ဒများ ဖြည့်ဆည်းရန် အလွဲသုံးစားပြုခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အလွန်အမင်း တဏှာကြီးမှုနှင့် လာဘ်ပေးလာဘ်ယူ ကွန်ရက်ကို စစ်တပ်နှင့် စီးပွားရေးအသိုင်းအဝိုင်းတစ်ခုလုံးက သိရှိထားသော်လည်း အချင်းချင်း ဖုံးကွယ်ပေးထားကြသည်။ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ကွက်ရထားခြင်းနှင့် ဖုံးကွယ်ထားသော ရာဇဝတ်မှု ညိုစောအပေါ် မည်သူမျှ မတိုင်ရဲ၊ အရေးမယူရဲခြင်း၏ အဓိကအကြောင်းရင်းမှာ တပ်ထိပ်ပိုင်း ခေါင်းဆောင်များ၏ အရှုပ်တော်ပုံများကို သိရှိပြီး နိုင်ကွက်ရထားသောကြောင့် ဖြစ်သည်။ ထိပ်ပိုင်းအရာရှိကြီးများ အပန်းဖြေရန်အတွက်ပါ အမျိုးသမီးများကို ရှာဖွေဆက်သပေးရသူဖြစ်ရာ ထိပ်တန်းအရာရှိ အားလုံးက ၎င်းကို အကာအကွယ်ပေးထားကြသည်။ ထို့ကြောင့် ညိုစောအား စုံစမ်းစစ်ဆေးရန် ကြိုးပမ်းမှုတိုင်းသည် ထိပ်ပိုင်းခေါင်းဆောင်များ၏ အရှုပ်အရှင်းများနှင့် တိုက်ရိုက်ပတ်သက်နေမည်ဖြစ်သည်။ ပိုမိုဆိုးရွားသည့် နောက်ကြောင်းရာဇဝင်တစ်ခုမှာ ၎င်းသည် အရာရှိငယ်ဘဝဖြင့် ကချင်ပြည်နယ်တွင် တာဝန်ကျစဉ်က အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့ပြီး၊ ထိုပြစ်မှုအတွက် အရေးယူမခံရဘဲ ကျေးရွာလူကြီးကို လျော်ကြေးငွေပေးကာ ဖုံးဖိခဲ့သည့် ဖြစ်စဉ်ပင်ဖြစ်သည်။ ဤသည်မှာ ဥပဒေအထက်တွင် ဗိုလ်ကျနေသည့် ၎င်း၏ ယုတ်မာသော အတိတ်လုပ်ရပ်တစ်ခုဖြစ်သည်။ ပါတီတွင်း အက်ကွဲကြောင်းနှင့် ဩဇာချဲ့ထွင်ခြင်း နိုင်ငံရေးအရ ကြည့်လျှင်လည်း ညိုစောသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ခင်ရီကို အပြည့်အဝ သိမ်းသွင်း ထိန်းချုပ်ထားနိုင်သည်။ ခင်ရီကိုယ်တိုင်က ညိုစောကို ဖခင်တစ်ဦးကဲ့သို့ ဆက်ဆံနေရပြီး ၎င်းတို့နှစ်ဦးပေါင်းကာ ပါတီမှ အခြားသော ခေါင်းဆောင်များကို အသိမပေးဘဲ လျှို့ဝှက်စီမံခန့်ခွဲမှုများ ပြုလုပ်နေကြသည်။ ဤလုပ်ရပ်များကြောင့် ပါတီအတွင်းရှိ လူကြီးပိုင်းများအကြား ပြင်းထန်သော မကျေနပ်မှုများ ထွက်ပေါ်နေပြီး ညိုစော၏ ဩဇာချဲ့ထွင်လာမှုကို စိုးရိမ်လျက်ရှိကြသည်။ #WhatsHappeningInMyanmar
Crystalkeyl tweet media
MY
1
11
20
842