Sabitlenmiş Tweet

ပြင်ပဆောင်းပါးသျှင်များဖိတ်ခေါ်ခြင်း
ရက်စွဲ ။ဂျန်နဝါရီ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။
ကရို့ Global Arakan Network (GAN) ၏ ပြင်ပဆောင်းပါးသျှင်များကို ဖိတ်ခေါ်မှုအစီအစိုင် တစ်ခု ဖြစ်ပြီးကေ ပြင်ပဆောင်းပါးသျှင်တိ၏ ဆောင်းပါးလက်ရာတိကို GAN ဝက်ဘ်ဆိုဒ်မာ ဖော်ပြနိုင်ဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါရေ။ ဒေအစီအစိုင်ရေ အာရက္ခပြည်၏ စစ်ရီး၊ နိုင်ငံရီး၊ လူမှုရီး၊ ပထဝီ နိုင်ငံရီး၊ စီးပွားရီး၊ နိုင်ငံတကာ ဆက်ဆံရီး၊ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရီးနန့် စာပီဆိုင်ရာ ကိစရပ်တိကို ရှု့ထောင့်ပေါင်းစုံက ‘အာရက္ခအမျိုးသားအကျိုးစီးပွါးကို’ အခြီပြုပနာ ထုတ်ဖော် တင်ပြနိုင်ဖို့နန့် အပြုသဘောဆောင်ရေ ဆွေးနွေးမှုတိ ဖြစ်လာစီဖို့ ရည်ရွယ်ပါရေ။
ဒေအစီအစိုင်ရေ အာရက္ခပြည်သူတိ၏ အနာဂတ်နန့် ဘုံအကျိုးစီးပွားကို အထောက်အကူပြုစီ နိုင်ရေ အတွေးအမြင်သစ်တိနန့် ဗဟုတ်သုတရရေ ဆွေးနွေးမှုတိကို မြှင့်တင်လားဖို့ ရည်ရွယ်ပါရေ။



MY













