PPie
1.3K posts





New York ,Time Square မှာ Times Square ကွင်းပြင်ကြီးကို 'Thee Square' အဖြစ် ဘယ်လိုပြောင်းလဲခဲ့တယ်ဆိုတဲ့အကြောင်းကို ဒါဒါကြီး သေချာလေးပြောပြထားတာ 🧡 Peach And Me Gang တစ်ခုလုံးရော ဒါဒါကြီးတို့ Team တစ်ခုလုံးရော သေချာလေးကြိုးစားခဲ့ကြတာ ။ တစ်ကယ့်ကို အသေးစိတ်တစ်ခုချင်းစီ သေချာလေးပုံဖော်ပေးထားတာ .. အပင်ပန်းခံကြိုးစားပေးခဲ့ကြတဲ့ Team တစ်ခုလုံးကိုရော Peach and Me gang တစ်ခုလုံးကိုရော ကျေးဇူးတင်ပါတယ် ။ ကလေးတွေ ပင်ပန်းထားတာနဲ့အမျှ ကိုယ်တွေကလည်း သူတို့တွေ အကောင်းဆုံးဆိုတာတွေကို ပြန်ပေးကြရအောင်နော် 🤩🤟🏻 _______________________ "ဇာတ်လမ်းက ဒီလို စတင်ခဲ့တာဗျ... Pond, Phuwin, William, Est တို့ ၄ ယောက်လုံး New York ကို အလုပ်ကိစ္စနဲ့ အတူတူသွားကြမယ်ဆိုတာကို ကျွန်တော် သိလိုက်ရတဲ့အချိန်မှာပဲ တစ်ခုခု လုပ်ချင်စိတ်တွေ တားမရဆီးမရ ပေါ်လာပြီး လက်တွေပါ ယားလာခဲ့တာ။ ဘာလို့လဲဆိုတော့ ဒါက Thee, Peach, Rome, Moke ဇာတ်ကောင်လေးယောက်လုံး အတူရှိနေမယ့် အခွင့်အရေးကြီးလေ၊ ဒါကြောင့် #PeachAndMeSeriesEP1 အတွက် တစ်ခုခု ဖန်တီးပေးချင်ခဲ့တာပါ။ အဲဒါနဲ့ သူတို့ရဲ့ တစ်နေ့တာ အလုပ်အချိန်ဇယားတွေကို လိုက်စုံစမ်းကြည့်တော့ အားတဲ့ရက်လေးတွေ ရှိတာကို တွေ့ရတယ်၊ ဒါပေမဲ့ ၄ ယောက်လုံး တစ်ချိန်တည်း ပြိုင်တူအားတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ ဒီခရီးစဉ်မှာ အမှတ်တရပုံရိပ်တွေ လိုက်ရိုက်ပေးမယ့် ဓါတ်ပုံဆရာ ပါသွားလားဆိုတာကိုပါ ထပ်စုံစမ်းကြည့်တော့ ပါသွားတယ်တဲ့ဗျာ။ အဲဒီလူက ကျွန်တော်တို့ ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က ဗီဒီယိုတွေကိုလည်း လာရိုက်ပေးဖူးလို့ အလုပ်လုပ်ရတာ အပေးအယူ တည့်ပြီးသားသူ ဖြစ်နေတယ်။ အိုကေ... ဒါဆိုရင် ငါ Times Square ကွင်းပြင်ကြီးကို 'Thee Square' အဖြစ် ပြောင်းလဲပစ်မယ်လို့ ဆုံးဖြတ်လိုက်တော့တာပဲ။ အဲဒါနဲ့ Pond နဲ့ Phuwin ကို စပြီး ပြောပြတယ်၊ ဇာတ်ကွက်ရဲ့ နောက်ခံအကြောင်းအရာတွေကို ရှင်းပြပြီး၊ ကလေးတွေ လေယာဉ်ပေါ်မတက်ခင် ဗီဒီယိုအတိုလေးအတွက် ဇာတ်ညွှန်းကို သီးသန့် အရင်ရေးလိုက်တယ်။ Episode 1 ရဲ့ ဇာတ်ညွှန်း အချောမသတ်ခင်ကတည်းက ရေးပြီးသွားတာဗျာ။ ပြီးတော့ ဘယ်ရိုက်ကွက်တွေ သုံးမလဲဆိုတာ မြင်သာအောင် Storyboard ပါ လုပ်ပြီး Photographer ဆီ ပို့ပေးလိုက်တယ်၊ ပြီးမှ ကလေးနှစ်ယောက်ကို ကင်မရာထောင့်တွေပါ သေသေချာချာ ကြိုတင်ညှိနှိုင်းလိုက်တာပေါ့။ ဒါပေမဲ့ ဟိုလည်း ရောက်ကော... မျှော်လင့်ထားတာထက် အလုပ်ကိစ္စတွေက ပိုပြီး ကျပ်ညပ်နေတာကို တွေ့ရတယ်။ Photographer ရဲ့ အချိန်ဇယားကလည်း ပိုပြီးတော့တောင် ကြပ်နေသေးတာ။ အဲဒါနဲ့ ကလေးနှစ်ယောက်ကို 'တကယ်လို့ အဆင်မပြေရင်လည်း မလုပ်နဲ့တော့နော်၊ ကိစ္စမရှိဘူး' လို့ လှမ်းပြောလိုက်သေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ အဆင်ပြေအောင် ဘယ်လိုစီမံရမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေခဲ့ကြတယ်ဗျာ။ Pond က ကျွန်တော့်ကို 'မင်း မစိုးရိမ်ပါနဲ့၊ ငါတို့နှစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်' လို့ ပြောခဲ့တယ်။ ပြီးတော့ ခရီးစဉ်မှာ အတူပါလာတဲ့ အစ်ကိုတွေ၊ မောင်တွေကိုပါ စည်းရုံးပြီး Photographer နေရာမှာ ဝင်ကူညီပြီး ရိုက်ပေးဖို့ ခေါ်လာကြတယ်။ Storyboard ကို ယူသွားပြီး သေသေချာချာ ရှင်းပြကြတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဖုန်းထဲကနေ အသံဖိုင်တွေပို့ပြီး ဘယ်လိုရိုက်ရမလဲဆိုတာကို ဝိုင်းရှင်းပြပေးခဲ့ပြီး၊ နောက်ဆုံးမှာတော့ အားလုံးရဲ့ ကြိုးစားမှုကြောင့် အကောင်အထည်ဖော်နိုင်ခဲ့တာဗျာ! Phuwin က ရိုက်ထားတဲ့ ရိုက်ကွက်တွေ ပို့ပေးပြီး 'Brief လုပ်ထားတဲ့အတိုင်း ကွက်တိပဲနော်' ဆိုပြီး လာကြွားသေးတာ။ ပြီးတော့ Phuwin က ရှေ့ဆက်ဖို့အတွက်ပါ စဉ်းစားပေးခဲ့သေးတယ်။ ဒီတစ်ခေါက် အားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာကို တကယ်ကို အထင်ကြီး လေးစားမိပြီး ရင်ထဲထိအောင် ဝမ်းသာပီတိဖြစ်မိရပါတယ်ဗျာ။ သူတို့ ထိုင်းကို ပြန်ရောက်ရောက်ချင်း ဆုံဖြစ်ကြတဲ့အချိန်မှာပဲ Phuwin က သူတို့ရိုက်လာတာတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ချက်ချင်း လာဖွင့်ပြတော့တာပဲ။ အဲဒီနောက် Footage ဖိုင်တွေကို စစ်ဆေးတယ်၊ အခက်အခဲတွေကို ကြည့်တယ်၊ ပြီးတော့ Graphic အဖွဲ့၊ Sound အဖွဲ့တွေနဲ့ပါ တိုင်ပင်ပြီး စီမံကိန်းချခဲ့ကြတယ်... မင်းတို့ 5 ယောက်လုံး တကယ်ကို တော်လွန်းပါတယ်ဗျာ။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ #PeachAndMeSeriesEP1






သူလွမ်းရင်လွမ်းတယ်ပေါ့ ဘာလည်း ကလေးဆွဲထားတဲ့ပုံကို ပန်းချီသင်တန်းပါကောက်တက်ပြီး သူဆွဲထားတယ်လုပ်ပစ်တာ .. သူ့လုပိချ် ငြိုငြင်မှာကိုကြ ကြောက်လို့လွမ်းတယ်မပြောရဲဘူး 🙂↔️🫵🏻 #PeachAndMeSeriesEP1


ทำงาน!! *เดินหนีไปขึ้นบันได* ต้องให้พี่พร่ำบอกตอกย้ำซ้ำความกี่ครั้งเธอถึงจะเข้าใจ ว่าภายใต้ชายคาอาร์เซนีเธอจะไม่มีวันลำบาก แล้วก็หยุดความคิดที่จะหนีไปทำงาน หมาป่าที่เคยเดียวดาย มันเพิ่งได้ลองลิ้มรสความหวานของน้ำผึ้งแค่หกเดือนเองนะ #PeachAndMeSeriesEP1 คุณธีร์ได้ใช้เอเนอจี้ทั้งหมดเพื่อรั้งลูกพีชไปหมดแล้ว ตำนานแน่นอน เป็นตำนานสืบไปแน่ๆ



I understand you khun thee..



