Doe Lay
2.8K posts

Doe Lay
@DoeLay24010307
ဝါသနာ တူရာ ဆုံစည်းလာကြဟ😜😜😜
Katılım Eylül 2018
4.2K Takip Edilen44.4K Takipçiler

🏳️🌈Sunntx @CarrieRobi63369
_____________________________________________
x.com/CarrieRobi6336…
Nederlands


@crystalkeyl သဇင်ဦးရဲ့ Telegram Channel ကနေ
သူတို့ကို ဖမ်းခိုင်းနေတာတွေ
မှတ်လောက်သားလောက်အောင်ဆုံးမပေးဖို့
စစ်တပ်ကို ဒလန်အကြီးစားလုပ်တိုင်ကြားနေတာတွေ တွေ့ရတယ်။
ဖမ်းပြီးတော့ အဲ့ပို့စ်တွေဖျက်လိုက်ပြီ။
ဒလန်မအကြီးစား သဇင်ဦး ကျော်စိုးဦးကြောင့်
ရဲဘော်တွေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာခဲ့ရတာတွေများပြီ။
MY

ဒါရိုက်တာမိုက်တီးနဲ့ သရုပ်ဆောင်၂ ဦး
ဘာတွေရေးခဲ့သလဲ
လက်ရှိ ဝင်ငွေအကောင်းဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားတဲ့ စစ်ကောင်စီရဲ့“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြစ်တင်လို့ဆိုကာ ဒါရိုက်တာမိုက်တီး၊ သရုပ်
ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဘာတွေများ တင်မိခဲ့လို့ပါလဲ။
ဒါရိုက်တာမိုက်တီး။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ရုပ်သံဇာတ်လမ်းတိုကို ရိုက်ကူးခဲ့လို့ စစ်ကောင်စီရဲ့ အငြှိုးအတေးကို ခံထားရတဲ့ ဒါရိုက်တာ မိုက်တီးဟာ ၂၀၂၁ ခုနှစ်မှာ ပုဒ်မ ၅၀၅-က နဲ့ မတရား ဖမ်းဆီးထောင်ချခံခဲ့ရသူပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မှာမှ လွတ်ငြိမ်းချမ်း
သာခွင့်နဲ့ လွတ်မြောက်လာခဲ့တာပါ။
ဒါရိုက်တာမိုက်တီးရဲ့ Facebook အကောင့်ဖြစ်တဲ့ သန်းထွန်းဇော်ဆိုတဲ့အကောင့်မှာတော့ စစ်ကောင်စီစွပ်စွဲသလို ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးတဲ့ အရေးအသားမျိုး မတွေ့ရပါဘူး။ သူတင်ထားတဲ့အထဲကအနီးစပ်ဆုံးဖြစ်နိုင်တာကတော့
"အဖြူ နဲ့ အမဲ
အမှန် နဲ့ အမှား
ဓမ္မ နဲ့ အဓမ္မ ကို ဆင်ခြင်နိုင်တာ ..
#ပညာ" ဆိုတဲ့ Post တခုသာ ရှိပါတယ်။
ကျော်ဝင်းထွဋ်နဲ့ အုန်းဒိုင်းတို့ရဲ့ Facebook ပေါ်မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Post တခုမှ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ ပျံ့လာတဲ့ Screen Shoot တွေအရတော့ သူတို့နှစ်ဦးဟာ ဇာတ်ကားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တချို့ကို စောင်းပါးရိပ်ခြေ ရေးသားခဲ့တာမျိုးသာ တွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တခုမှ ရေးထားတာ မရှိပါဘူး။
သရုပ်ဆောင် ကျော်ဝင်းထွဋ်က "သူတောင်းစားတွေနဲ့ ရပ်ဝန်းတူပေမယ့် စိတ်ဓါတ်မြင့်မြတ်သူတွေ အများကြီးရှိနေတယ်ကွာ။ ပတ်ချုံပြီးဆဲဆိုနေတာတော့ အဆင်ပြေမနေဘူး။ အရာရာ အဆင်ပြေနေတာ မဟုတ်ပေမယ့် လိပ်ပြာသန့်ချင်တယ်။ အမှောင်ထဲမသွားချင်ဘူး။ ခက်ခဲတာတွေခုထိတောင်ခံငါ..နေခဲ့ စားခဲ့ ဝတ်ခဲ့ စီးခဲ့ရတာပဲလေ။ နောင်တချိန် ပြန်ဖြစ်လာနိုင်တာပဲဆိုတဲ့ စိတ်တခုနဲ့ ရှင်သန်ဆဲပါ။ ပြုံးနေပျော်နေ နောက်နေတယ်ဆိုပေမဲ့ တချို့ ကိုယ်ချင်းစာစိတ်နဲ့ နှစ်သိမ့်အားပေးနေတယ်ဆိုပေမယ့် ကျွန်တော့လက်ရှိ တချို့နေ့ရက်တွေ ငိုနေတာဘယ်သူမှမသိသလို ပြောပြစရာ အကြောင်းမရှိပါဘူး။ ကိုယ်လိုပဲ ဘယ်သူမှမသိအောင် ငိုနေရတဲ့သူတွေ ရှိပါလားလို့တွေးပြီး ကိုယ်ချင်းစာကြရင် အရာရာ အဆင်ပြေမယ့်နေ့ ရောက်လာမှာပါ။ ပြုံးနေတိုင်း ပျော်နေတိုင်း ဆဲနေတဲ့ ဟောင်နေတဲ့တသိုက် သိစေဖို့ပါ"လို့ ရေးသားထားတာ တွေ့ရပါတယ်။
အုန်းဒိုင်းကတော့ "ငါ့ကိုပြောပြောနေတဲ့သူတွေ အခုမြင်ပြီလား။ မမြင်ရသေးရင် သွားရှာကြည့်နော်။ ဘယ်သူကဘာဆိုတာ သိလိမ့်မယ်။ မသိချင်ယောင်ဆောင်ပြလိမ့်မယ်။ ပြောနေတဲ့သူတွေ ပုန်းနေလိမ့်မယ်။ အဲဒါသဘာဝတွေ"လို့ ရေးသားခဲ့ပါတယ်။
သူတို့သုံးဦးလုံးဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တခွန်းမှ ဝေဖန်ထားတာမရှိပါဘူး။
စစ်ကောင်စီကတော့ သူတို့ဟာ ရွေးကောက်ပွဲပညာပေး ဇာတ်ကား နဲ့ ဇာတ်ကား မှာ ပါဝင်သူတွေကို လူမှုကွန်ရက်ကနေ မဟုတ်မမှန် ဝေဖန်ရေးသားပြီး ရွေးကောက်ပွဲအပေါ် လူထု အထင်
အမြင် လွဲမှားအောင်လှုံ့ဆော်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့သူသုံးဦးထဲမှာ ဒါရိုက်တာမိုက်တီးက လွတ်ငြိမ်းတွေရဲ့ထုံးစံအတိုင်း နောက်တစ်ကြိမ်ကျူးလွန်ရင် ယခင်ပြစ်ဒဏ်ကိုပါ ပြန်လည်ကျခံရမယ်လို့ လက်မှတ်ထိုးထားရတာကြောင့် လက်ရှိစွပ်စွဲထားတဲ့ ဥပဒေအပြင် အရင်ပြစ်ဒဏ်တွေလည်းကျခံရဖို့ လုပ်ဆောင်သွားမယ်လို့ ခြိမ်း
ခြောက်ထုတ်ပြန်ထားပါတယ်။
သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ဟာသသရုပ်ဆောင်
အုန်းဒိုင်းကိုတော့ လက်ရှိစွဲဆိုထားတဲ့ ရွေးကောက်
ပွဲ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားမှာပါဝင်ပေးတဲ့သရုပ်ဆောင်တွေအပေါ် လူမှုကွန်ရက် မှာ ဝေဖန်ရေးသားတဲ့ ပို့စ်တွေကို React လုပ်တာ ၊ Comment ရေးတာ ၊ Share တာ လုပ်တဲ့ သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက အောက်တိုဘာ ၂၉ ရက်က စတင်ခြိမ်းခြောက်လာပြီးနောက် ဖမ်းဆီးမှုတွေရှိလာတာပါ။
အခြား ဒါရိုက်တာ ၂ ဦးကိုလည်း ဖမ်းဆီးကြဖို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကနေ ဝါဒဖြန့်နေကြပါတယ်။
ဇာတ်ကားထဲမှာ ပါဝင်ခဲ့ကြတဲ့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ စူပါလင်း၊ သွက်လက် စတဲ့ သရုပ်ဆောင်တွေကို ပြည်သူတွေက ပြင်း
ပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
လူမှုရေးပြစ်ဒဏ်ခတ်တာ(Social Punishment) နဲ့ သပိတ်မှောက်တာ (Boycott) ပြုလုပ်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေ အပါအဝင် ပြည်သူတွေကပါ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအခြေ
အနေမှာပဲ စစ်ကောင်စီက အနုပညာရှင် ၃ ဦးကို မတရားဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
#WhatsHappeninglnMyanmar

MY






