Leonard
176 posts


@crystalkeyl သူ့ကို Sponser ပေးထားတဲ့ ထုတ်ကုန်တွေကိုပါ BC လုပ်ခိုင်းရမယ်ထင်တယ်။
MY

ပြည်သူတွေ နိုင်ငံရေးမပါဝင်ဖို့တိုက်တွန်းတဲ့ J Fireကို Boycott ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေတောင်းဆို
ပြည်သူတွေကို ခေတ်ပျက်ကာလ နိုင်ငံရေး အရှုပ်အထွေးတွေကြားပါဝင်ပြီး ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့ မန္တလေးသား အဆိုတော် J Fireကို တော်လှန်ရေးအင်အားစုတွေက Boycott ပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။
"ဒီခေတ်ဒီခါလို ဒီလိုပျက်တဲ့ကာလမှာ ဒီလောက် ရှုပ်ထွေးနေတဲ့ နိုင်ငံရေးမှာ ကိုယ်ကအနုပညာသမားတစ်ယောက်အနေနဲ့ ကိုယ့်မိဘ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေကို ဘယ်လို ဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကို ဉာဏ်နဲ့စဉ်းစားတတ်ပါတယ်။ မိမိကို မထိခိုက်အောင်နေပါ၊ အဲဒါမှပဲ မိမိ မိဘ ကို မထိခိုက်အောင် လုပ်ကျွေး နေနိုင်ပါလိမ့်မယ်။ မိမိပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်ကျွေး
နိုင်ပါလိမ့်မယ်။နောက်ဆုံးမှ မိမိနိုင်ငံကို ပြောင်းလဲနိုင်ပါလိမ့်မယ် "လို့ J Fire က ဖျော်ဖြေပွဲတစ်ခုမှ ပြောခဲ့တာပါ။
J Fireရဲ့ ပြောဆိုမှုက ပြည်သူတွေကို တော်လှန်ရေးမှာ မပါဝင်ဖို့ တွန်းအားပေးတဲ့ သဘောဖြစ်တာကြောင့် စစ်ကောင်စီအလိုကျ ပြောပေးတာဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ပတ်သက်သူတွေကို Boycott ထိထိရောက်ရောက်ပြုလုပ်ဖို့ ဦးဆောင်တောင်းဆိုနေတဲ့ #FakeNewsCheckCommunity (Fncc) Burma က ဖော်ပြထားပါ တယ်။
"ပြည်သူတွေအနေနဲ့ ဒီလိုကောင်တွေကို အပြစ်ပေးဖို့ဆိုရင် အရှိုက်တည့်တည့်ထိုးချပစ်လို့ရတာက #Boycott ပဲ။
ဒီကောင်တွေက Boycott သိပ်ကြောက်တယ်၊ ပြည်သူတွေ သူတို့ကို ကျောခိုင်းသွားမှာ ရူးမတတ်ကြောက်တယ်၊ ဒီကောင်တွေက အောင်မြင်မှုကို ဘိန်းစွဲသလိုစွဲလန်းနေတာ၊ အဲဒါကြောင့်ပဲ ခုလို တဖက် လှည့်နဲ့ Boycott မလုပ်ကြဖို့ စည်းရုံးရင်း တလရထဲပါရင် ကိုယ်
ရော မိဘပါ ဒုက္ခရောက်မယ်ဆိုတဲ့အတွေးမျိုး လူထုဆီ
အဆိပ်ခပ်တာဖြစ်တယ်။
အဲတော့ Boycott ကို လူညီညီနဲ့ ဆက်ဝုန်းမယ်နော်။" လို့ #Fncc
က တိုက်တွန်းထားပါတယ်။
J Fire က နိုဝင်ဘာ ၂ ရက်ကနေ ၄ရက်အထိ ပုသိမ်မြို့မှာ ပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော်မှာ ပါဝင်ဖျော်ဖြေမှာဖြစ်တာကြောင့် သွားရောက်အားပေးတာမပြုလုပ်ဖို့ Fnccက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တွေကို ဝေဖန်မှုမြင့်တက်နေချိန်မှာ J Fire ဒီလိုပြောခဲ့တာက တိုက်ဆိုင်မှု မဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးကလည်း မှတ်ချက်ပေးထားပါတယ်။
လက်ရှိကာလက နိုင်ငံရေးအရအရှုပ်အထွေး ဖြစ်နေတာမဟုတ်ပဲ စစ်ကောင်စီက အာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက်နေတာကို မြင်အောင်ကြည့်ဖို့ J Fire ကို ရဲဘော်ချေ ဖေ့စ်ဘွတ်ခ်အကောင့်က အကြံပေးထားပါတယ်။
"မင်းပထွေးစစ်တပ်ကလေ မင်းဟာမင်း မထိခိုက်အောင် ဘယ်လိုနေနေ စာသင်ကျောင်းတွေ ဆေးရုံတွေ ရွာတွေကို လေကြောင်းကနေ အကြမ်းဖက်နေတာမတွေ့ဘူးလား။ မင်းဟာမင်း မိမိကိုယ်မထိခိုက်အောင်နေရုံနဲ့ နောက်ဆုံးမှာ နိုင်ငံကိုပြောင်းလဲနိုင်မယ်ဆိုရင် မင်းပထွေးစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေက သူ့ဟာသူ ကြိုးစင်ပေါ် တက်သွားမှားမို့လားလေ။ စောက်ကြီးစောက်ကျယ်နဲ့ စင်ပေါ်တတ်ပြီး စောက်တလွဲတွေပြောနေသေး " လို့ ရဲဘော်ချေ က J Fire ရဲ့ပြောဆိုမှုအပေါ် ရေးသားထားပါတယ်။
"ကိုယ်တစ်ကိုယ်စာ အဆင်ပြေမှ ကိုယ့်မိဘအဆင်ပြေမယ်၊ ပြီးမှတိုင်းပြည်အဆင်ပြေမယ်ပေါ့။ ဘယ်သူသေသေ ငတေမာရင်ပြီးရောလို့ ပြောလည်း ရပါတယ်ဟ။ game ဆော့နေတဲ့လူငယ်တွေကို ဆရာလုပ်ပြီး မြေပုံကြည့် ဘာညာလုပ်ခိုင်းတဲ့ကောင်များ ဟုတ်ပါလေစ။ အေးလေ သူနဲ့လည်ပင်းဖက်ပေါင်းတဲ့ gfatt တောင် တရုတ်ကိုဖောင်းထုပြီး အန်ပေါင်းတောင်းသေးတာပဲ။ ဒီလောက်ဉာဏ်ရှိတဲ့ကောင်တွေ စစ်မှုထမ်းကြပါလား။ ဆောရီး ဇမရှိတဲ့သွေးကြောင်ကောင်တွေဆိုတာ မေ့သွားလို့။" လို့ Revolution Fan War-RFW က J Fire ရဲ့ ဗီဒီယိုအပေါ် ရေးသားထားပါတယ်။
တော်လှန်ရေးအလုပ်က လူတိုင်းပြုလုပ်ဖို့ မလွယ်ကူကြောင်း နှင့် အာချောင်တဲ့သူတွေ ကိုလည်း မှတ်သားပြီး ထိုက်တန်သည့်ရလာဒ်ကို ခံစားခိုင်းသင့်တယ်လို့ RFWက အကြံပြုထားပါတယ်။
"ဒီလိုကောင်စားတွေမြင်ရတိုင်း အသက်တွေ၊ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ထားတဲ့ ရဲဘော်တွေကို ပိုပြီး ချစ်ခင်လေးစားရတယ်။ ရာထူးတွေ၊ဘဝတွေရင်းခဲ့တဲ့ CDM တွေကို ပိုပြီးတန်ဖိုးထားရတယ်။ မျှော်လင့်ချက်တွေ၊အိပ်မက်တွေ၊အောင်မြင်မှုတွေ၊ မိသားစုထမင်းဝိုင်းတွေ၊ သွေးသားသံယောဇဥ်တွေကို နွေဦးအတွက် ပေးလှူခဲ့ကြတဲ့လရဘက်ကလူတွေတိုင်းကို ပြောမပြတတ်အောင် ဂုဏ်ယူရပါတယ်။" လို့ RFWကရေးသားထားပါတယ်။
#WhatsHappeninglnMyanmar #Boycott

MY
Leonard retweetledi

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသင်ဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။
Myat Tun OO@MyatTunOO2
မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသင်ဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။
MY

ဝတ်မှုန်ရွှေရည်ကို BC ဖို့ပြောကြတဲ့အခါ တချို့တွေကပြောကြတယ်။ ခရိုနီနိုင်ဖြိုးကျော်လိုမျိုးဆို ဘယ်သူမဆိုယူကြမှာပဲပေါ့။ ဘဝကအေးဆေးဖြစ်သွားမယ်။ လုပ်ချင်တာတွေကိုငွေလမ်းခင်းပြီးလုပ်လို့ရမယ်ပေါ့။
အာဏာသိမ်းကာစတုန်းက ဒေါင်းက မအလသမီးနဲ့ပတ်သတ်သလို ကောလာဟလတွေထွက်ခဲ့ကြတယ်။ ဒေါင်းကပြတ်ပြတ်သားသားငြင်းခဲ့သလို အခုထိလည်းခိုင်ခိုင်မာမာ ရပ်တည်နေတုန်းပဲ။
ပြောချင်တာက တချို့ကကိုယ့်တစ်ကိုယ်စာအဆင်ပြေဖို့အတွက် လူအများကို ချနင်းရက်ပေမယ့် လူအများအတွက် တစ်ကိုယ်စာ အောင်မြင်မှုတွေကို ပေးဆပ်စွန့်လွှတ်ထားတဲ့သူတွေ အများကြီးပဲ။အဲ့တာကို ကိုယ့်စိတ်နဲ့နှိုင်းပြီး လာလာမယှဥ်နဲ့။
WMSY ရဲ့ယောက်ျားက မအလသမီးနဲ့စီးပွားဖက်ဖြစ်တာနဲ့တင် bc ဖို့လုံလောက်ပြီမဟုတ်ဘူးလား။
ပြည်သူတွေရဲ့အနာဂတ်တွေကိုချနင်းပြီး သူတို့ဘဝတွေကတော့ ခေတ်ပျက်ကြီးမှာအဆင်ပြေပျော်ပါးနေကြတာကို ဘယ်လိုမှမခံစားရဘူးလား။
အိန္ဒိယက သူဌေးမကြီး မြတွေ ဝတ်တာကို မုဒိတာပွားပေးနိုင်ပါတယ်။ မအလတို့မိသားစုတွေ နာမည်ကြီးအသုံးအဆောင်တွေသုံးနေတာ၊ နိုင်ငံခြားမှာ ကျောင်းတက်နေကြတာ၊ စိတ်ရှိတိုင်းလုပ်ငန်းတွေတည်ထောင်နိုင်ပြီးပျော်ရွှင်သာယာနေတာ၊ ခရိုနီမိန်းမတွေကကြွယ်ပြနေတာကိုတော့ နည်းနည်းလေးမှ မကျေနပ်ပါ။
ကိုယ်တွေကတော့ Fb တောင် VPN နဲ့သုံးရတယ်။ ဆွဲခေါ်တာနဲ့ စစ်မှုထမ်းရတယ်။ ပြည်ပကိုသွားချင်တိုင်းသွားမရဘူး။ ပန်းပန်ရင်တောင် ဖမ်းတယ်။ စစ်ရှောင်တာတောင် ဗုံးကြဲခံရတယ်။
ဒီအတိုင်းပဲလုပ်သမျှ သည်းခံပြီးတော့မနေနိုင်ပါ။ ရေစက်ရေပေါက်တွေတောင် ကျောက်သားကိုဖောက်ထွင်းစေနိုင်သေးတာပဲ။ ပြည်သူတွေရဲ့လူမှုရေးပြစ်ဒဏ်ကိုတော့ ခံယူရမှာပေါ့။ အားပေးနေတဲ့သူတွေသာမရှိရင် ဘယ်လုပ်ငန်းမှ ဆက်လက်မလည်ပတ်နိုင်ပါ။
လာပါ BC အရှိန်ကောင်းတုန်းလေး ဝိုင်းတွန်းရအောင်ပါ။ BC ရခြင်းအကြောင်းတရား မန့်မှအစုံရှိ။
#WhatsHappeninglnMyanmar
#RevolutionFanWar - RFW

MY








